
လိဒ်စ်ကို ဂိုးပြတ်အနိုင်ယူကာ တိုက်စစ်အစွမ်းပြခဲ့တဲ့ အာဆင်နယ်
အာဆင်နယ် ၅ - ၀ လိဒ်စ်ယူနိုက်တက် (ပွဲပြီးရလဒ်)
အာဆင်နယ်အသင်းဟာ ပထမပိုင်းအတွင်း တိုက်စစ်စွမ်းဆောင်ရည် အားနည်းခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ စွမ်းဆောင်ရည်ကောင်းတွေ ပြသကာ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။
တိုက်စစ်မှူးသစ် ယောကရက်စ်လည်း တကိုယ်တော်အစွမ်းနဲ့ ဂိုးသွင်းနိုင်ခဲ့တာအပြင် ပင်နယ်တီနဲ့ တစ်ဂိုးထပ်သွင်းနိုင်ခဲ့တာကြောင့် ပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်ခဲ့ပါတယ်။
အိုဒီဂတ်နဲ့ ဆာကာ ဒဏ်ရာရသွားတာကတော့ အာဆင်နယ်အတွက် စိုးရိမ်စရာအခြေအနေ ဖြစ်ခဲ့ပါတယ်။