The network connection is lost.

Banner Image

တိုက်စစ်ပိုင်းအားနည်းမှုတွေနဲ့ ခရစ္စတယ်ပဲလေ့စ်ကို ဂိုးမရှိသရေကျခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီး ၀-၀ ခရစ္စတယ်ပဲလေ့စ်(ပွဲပြီးရလဒ်)

နွေရာသီအပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်ပိုင်းကို အဓိကအင်အားဖြည့်တင်းထားတဲ့ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာတော့ ခရစ္စတယ်ပဲလေ့စ်ကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ တိုက်စစ်ပိုင်း အခွင့်အရေးဖန်တီးမှုတွေ လုံလုံလောက်လောက်ပြုလုပ်နိုင်ခဲ့ခြင်းမရှိလို့ ပဲလေ့စ်ဂိုးသမား ဟန်ဒါဆန်အတွက်လည်း အတော်လေးသက်သာတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ပဲလေ့စ်အနေနဲ့လည်း မိနစ် ၉၀ လုံးခံစစ်နဲ့သာကစားခဲ့လို့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ သို့သော်လည်း နောက်တန်းပိုင်းတည်ငြိမ်မှုကြောင့် စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ဂိုးမပေးခဲ့ရဘဲ သရေတစ်မှတ်တော့ ရအောင်ယူနိုင်ခဲ့ပါတယ်။