
ကလပ် ၁၃ သင်းကို ယူရိုပါလိဂ် ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်လိုက်တဲ့ ယူအီးအက်ဖ်အေ
ယူအီးအက်အေဟာ သမိုင်းတစ်လျှောက် ကလပ် ၁၃ သင်းကို ယူရိုပါလိဂ် ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်/ဆိုင်းငံ့ခဲ့ပြီး အကြောင်းရင်းများမှာ အဂတိလိုက်စားမှုမှ ဘဏ္ဍာရေးပြဿနာများအထိ ပါဝင်နေပါတယ်။ ဥရောပဘောလုံး အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ ယူအီးအက်အေဟာ ယူရိုပြိုင်ပွဲ၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ် နှင့် ကွန်းဖရင့်လိဂ် ကဲ့သို့သော ပြိုင်ပွဲများကို ကြီးကြပ်ပါတယ်။
သို့သော် တစ်ခါတစ်ရံတွင် စည်းမျဉ်းချိုးဖောက်မှုများ အမျိုးမျိုးကြောင့် ၎င်းတို့ ဝင်ရောက်စွက်ဖက်ကာ အချို့သော ကလပ်များအား ပြိုင်ပွဲဝင်ခွင့်ကို ရပ်ဆိုင်းခဲ့ပါတယ်။ ယူအီးအက်အေရဲ့ ထိပ်တန်း ကလပ်ပြိုင်ပွဲအဖြစ် မြင်တွေ့ရသော ချန်ပီယံလိဂ်တွင် ကလပ်လေးသင်းအား ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့ပြီး ၁၉၆၀ ခုနှစ်တွင် စတင်ခဲ့တဲ့ ဥရောပ ချန်ပီယံရှစ် တွင် နိုင်ငံနှစ်နိုင်ငံအား ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
သို့သော် ယူအီးအက်ဖ်အေရဲ့ ဒုတိယအဆင့် ကလပ်ပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ် တွင် မည်သည့်ကလပ်များကို ပြိုင်ပွဲဝင်ခွင့် ရပ်နားစေခဲ့သနည်း။ ဘီဆစ်တက်စ် အား ၂၀၁၃ ခုနှစ် ဇွန်လတွင် ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့ပြီး ပြည်တွင်း လုပ်ပွဲများတွင် ပါဝင်ပတ်သက်မှုကြောင့် တစ်နှစ် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း ထိုစဉ်က BBC Sport က ဖော်ပြခဲ့ပါတယ်။
တူရကီ ကလပ် ဖီနာဘာချီ ကလည်း ပြည်တွင်း လုပ်ပွဲများတွင် ပါဝင်ပတ်သက်မှုကြောင့် နှစ်နှစ် ပိတ်ပင်ခံခဲ့ရပါတယ်။ အေစီ မီလန် အား ဘဏ္ဍာရေးမျှတ စည်းမျဉ်းများ ချိုးဖောက်မှုကြောင့် ၂၀၁၉-၂၀ ရာသီတွင် ပိတ်ပင်ခံခဲ့ပါတယ်။ "အေစီမီလန် ကို ၂၀၁၉-၂၀၂၀ ရာသီရဲ့ ယူအီးအက်ဖ်အေ ပြိုင်ပွဲများမှ ဖယ်ထုတ်လိုက်ပါတယ်" လို့ ထိုစဉ်က အားကစားဆိုင်ရာ ခုံသမာဓိခုံရုံး က ပြောကြားခဲ့ပါတယ်။
BBC Sport ရဲ့ အဆိုအရ အေစီမီလန်ဟာ အဖွဲ့ချုပ်ရဲ့ ပိတ်ပင်မှုကို ဆန္ဒအလျောက် လက်ခံကြောင်း အတည်ပြုခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်တွင် စပိန်ကလပ် မာလာဂါ အား ယူအီးအက်ဖ်အေက နှစ်နှစ် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့ပြီး မဆပ်ရသေးသော အကြွေးများကြောင့် ၂၀၁၃-၁၄ ယူရိုပါလိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒုတိယနှစ်ကို အယူခံဝင်ရာတွင် ရုပ်သိမ်းခံခဲ့ရသော်လည်း ခုံရုံးက ပထမနှစ်ကို ပြန်လည် ဖျက်သိမ်းရန် ၎င်းတို့၏ ကြိုးပမ်းမှုကို ပယ်ချခဲ့ပါတယ်။
ဆွစ်ဇာလန်ကလပ် အက်ဖ်စီ ဆီယွန် အား ၂၀၁၁-၁၂ ယူရိုပါလိဂ်မှ ထုတ်ပယ်ခဲ့ပါတယ်။ အဆိုပါကလပ်ဟာ ဖီဖာ မှ ချမှတ်ထားတဲ့ အပြောင်းအရွှေ့ ပိတ်ပင်မှုအောက်တွင် ရှိနေစဉ် ခေါ်ယူခဲ့တဲ့ အရည်အချင်းမပြည့်မီသော ကစားသမားများကို အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ အဆိုပါရာသီတွင် ဆဲလ်တစ် ကို ထိုရာသီအတွက် ပြိုင်ပွဲတွင် ပြန်လည် ထည့်သွင်းရန် ခွင့်ပြုခဲ့ပါတယ်။
အက်ဖ်စီ ဆီယွန်က အယူခံဝင်ခဲ့သော်လည်း ခုံရုံး ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။ ဆားဘီးယားကလပ်ဖြစ်တဲ့ ပါတီဇန် ဘဲလ်ဂရိတ် အား ၂၀၁၇ ခုနှစ်တွင် မဆပ်ရသေးတဲ့ ကြွေးမြီများကြောင့် သုံးရာသီကြာ ချန်ပီယံလိဂ် နှင့် ယူရိုပါလိဂ် အတွက် ပိတ်ပင်ခဲ့ပါတယ်။ အဆိုပါ ပိတ်ပင်မှုကို မဆပ်ရသေးသော ကြွေးမြီများကို ရှင်းလင်းပြီးကြောင်း အထောက်အထားများ ပြသပြီးနောက်တွင် ပြန်လည် ရုပ်သိမ်းပေးခဲ့ပါတယ်။
စကော့တလန်ကလပ် ရိန်းဂျားစ် သည်လည်း ၂၀၁၃-၁၄ ရာသီ ဥရောပပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပါ။ အကြောင်းမှာ ကလပ်၏ စီမံခန့်ခွဲသူဟာ ကလပ်အနေနဲ့ ယူအီးအက်ဖ်အေရဲ့ မတ်လ ၃၁ ရက် နောက်ဆုံးထား စာရင်းပေးပို့ရမည့်ရက်ကို မမီနိုင်ကြောင်း ဝန်ခံခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်တွင် ရာပစ် ဘူခါရက်စ် ကလည်း ချန်ပီယံလိဂ် နှင့် ယူရိုပါလိဂ် အတွက် တစ်နှစ်ကြာ ပြိုင်ပွဲဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ထိုကလပ်ကို ယူရို ၁၀၀,၀၀၀ (ပေါင် ၈၆,၀၀၀) ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပင်စတီးဝါး ကလည်း လုပ်ပွဲကစားမှု စွပ်စွဲချက်များ ထွက်ပေါ်ပြီးနောက် ငါးနှစ် စောင့်ကြည့်ကာလဖြင့် ဆိုင်းငံ့ထားကာ တစ်နှစ် ပိတ်ပင်ခံခဲ့ရကြောင်း Sofia Globe က ဖော်ပြခဲ့ပါတယ်။
ယူကရိန်းကလပ် အသင်း ဒနီပရို က ဘဏ္ဍာရေးပြဿနာများကြောင့် ၂၀၁၆ ခုနှစ်တွင် တစ်နှစ် ပိတ်ပင်ခံခဲ့ရပါတယ်။ အာဇာဘိုင်ဂျန်ကလပ် အင်တာ ဘာကူ နှင့် ရိုမေးနီးယားက တာဂူ မူရက်စ် တို့ကလည်း တစ်ရာသီ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ယူအီးအက်ဖ်အေက ပိတ်ပင်မှုများကို ကလပ်များ ချန်ပီယံလိဂ် သို့မဟုတ် ယူရိုပါလိဂ် အတွက် အရည်အချင်းပြည့်မီသည့် နောက်ရာသီတွင် သုံးရာသီကာလအတွင်း အကျိုးသက်ရောက်စေမယ်လို့ Reuters က ဖော်ပြခဲ့ပါတယ်။
၂၀၁၈ ခုနှစ်တွင် အယ်လ်ဘေးနီးယားကလပ် စကင်ဒါဘူ အား ယူရိုပါလိဂ်အပါအဝင် ယူအီးအက်ဖ်အေရဲ့ ပြိုင်ပွဲများအားလုံးမှ ဆယ်နှစ် ပိတ်ပင်ခဲ့ပြီး ယူရို ၁ သန်း ဒဏ်ငွေ ချမှတ်ခဲ့ကြောင်း AP ရဲ့ အဆိုအရသိရကာ ခုံရုံးအဖွဲ့က အဆိုပါကလပ်ဟာ ပြည်တွင်းနှင့် ဥရောပပွဲစဉ်များတွင်ပါ လုပ်ပွဲကစားမှု လုပ်ဆောင်ခြင်းအတွက် တာဝန်ရှိကြောင်း အခြေအနေဖြင့် တွေ့ရှိခဲ့တယ် လို့ပြောကြားခဲ့ပါတယ်။
ဖော်ပြထားသော ပိတ်ပင်မှုအချို့ဟာ ကလပ်တစ်ခုစီ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲပေါ်မူတည်၍ ချန်ပီယံလိဂ် နှင့် ယူရိုပါလိဂ် နှစ်မျိုးလုံးကို အကျုံးဝင်ကြောင်း သတိပြုသင့်ပါတယ်။