
မန်စီးတီးကို မိနစ်၁၂၀ကစားပြီး အနိုင်ယူကာ ကွာတားဖိုင်နယ်တက်ရောက်သွားတဲ့ အယ်လ်ဟီလယ်
မန်စီးတီး ၃ - ၄ အယ်လ်ဟီလယ် (အချိန်ပိုပွဲပြီးရလဒ်)
မန်စီးတီးအသင်းက လူစုံတက်စုံ ကစားခဲ့ပေမယ့် အဆုံးသတ်ပိုင်းနဲ့ ခံစစ်ပိုင်းလိုအပ်ချက်တွေကြောင့် အချိန်ပိုမှာ ဂိုးတွေပေးခဲ့ရပြီး ရှုံးပွဲကြုံခဲ့ရပါတယ်။
တိုက်စစ်က ဂိုးတွေလိုက်သွင်းနိုင်ပေမယ့် ခံစစ်ကတော့ အယ်လ်ဟီလယ်ရဲ့ တန်ပြန်တိုက်စစ်တွေကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ဂိုးတွေပေးခဲ့ရပါတယ်။
အယ်လ်ဟီလယ်ကတော့ နည်းပြ အင်ဇာဂီရဲ့ဦးဆောင်မှုနဲ့အတူ တန်ပြန်တိုက်စစ်ကနေ ဂိုးတွေသွင်းယူနိုင်ခဲ့သလို မန်စီးတီးကိုလည်း အနိုင်ယူကာ ကွာတားဖိုင်နယ်ကို ထိုက်ထိုက်တန်တန် တက်ရောက်သွားခဲ့ပါတယ်။