
အုပ်စုတွင်းရာနှုန်းပြည့်အနိုင်ရလဒ်နဲ့အတူ ရှုံးထွက်အဆင့်တက်ရောက်လာတဲ့ မန်စီးတီး
ဂျူဗင်တပ်စ် ၂-၅ မန်စီးတီး (ပွဲပြီးရလဒ်)
ဥရောပကိုယ်စားပြုကလပ်အသင်းနှစ်ခုထိပ်တိုက်တွေ့ဆုံမှုမှာ ခြေစွမ်းနဲ့ရလဒ်တစ်ထပ်တည်းကျပြီး ပြတ်သားလှတဲ့ပွဲပြီးအခြေအနေတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ အခုပွဲစဉ်ရဲ့ပွဲချိန်တလျှောက်လုံး မန်စီးတီးကပဲ ဂျူဗင်တပ်စ်ကို အဖက်ဖက်မှအသာစီးရယူကာ အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်ကစားသွားခဲ့ပြီး ထိုက်တန်တဲ့ရလဒ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ မန်စီးတီးအတွက်သွင်းဂိုးတွေကို ဒိုကူ၊ ကာလူလူ(O.G)၊ ဟာလန်း၊ ဖိုဒန်၊ ဆာဗင်ဟိုတို့က သွင်းယူပေးခဲ့ပြီး ဂျူဗင်တပ်စ်အတွက် ကုမိုင်နာစ်နဲ့ ဗလာဟိုဗစ်တို့က သွင်းဂိုးတွေ ရယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ မန်စီးတီးက အုပ်စုဗိုလ်နေရာ၊ ဂျူဗင်တပ်စ်က အုပ်စုဒုတိယနေရာတို့ဖြင့် ရှုံးထွက်အဆင့်ဆီ ရောက်ရှိသွားပါတယ်။