
ပရီးမီးယားလိဂ်ချန်ပီယံတွေကို နောက်မှလိုက်ကစားကာ အနိုင်ယူခဲ့တဲ့ ဘရိုက်တန်
ဘရိုက်တန် ၃-၂ လီဗာပူး (ပွဲပြီးရလဒ်)
ရလဒ်ပိုင်းအရ သိပ်အရေးမပါတော့ပေမယ့် ဘရိုက်တန်ရော၊ လီဗာပူးပါ အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားကြလို့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ပွဲကြီးပွဲကောင်းတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း အီလီယော့ရဲ့ဦးဆောင်ဂိုးကို အယာရီချေပနိုင်ပေမယ့် ဆိုဘိုဆလိုင်းရဲ့နာကျင်အချိန်ပိုသွင်းဂိုးကြောင့် လီဗာပူးတို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ အိမ်ရှင်တွေက တိုက်စစ်အားမြှင့်တင်လာခဲ့ပြီး လူစားဝင်ကစားသမားတွေဖြစ်တဲ့ မီတိုမာ၊ ဟင်ရှဲလ်ဝုဒ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ အိမ်ကွင်းနိုင်ပွဲ ဖော်ဆောင်နိုင်ခဲ့ပါတယ်။