
နယူးကာဆယ်ကို အကြိတ်အနယ်ယှဉ်ပြိုင်ကာ အနိုင်ယူခဲ့တဲ့ အာဆင်နယ်
အာဆင်နယ် ၁ - ၀ နယူးကာဆယ် (ပွဲပြီးရလဒ်)
နှစ်သင်းစလုံးက ရင်ဆိုင်တိုင်းမှာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ အစဉ်အလာအတိုင်း ယနေ့ညပွဲမှာလည်း နှစ်သင်းကြား ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်ခဲ့ကြပါတယ်။
အခွင့်အရေးကိုယ်စီရခဲ့ကြပေမယ့် ဂိုးသမားတွေရဲ့လက်စွမ်းပြမှုတွေကြောင့် ဂိုးမရဘဲဖြစ်နေချိန် ဒီကလန်ရိုက်စ်က အာဆင်နယ်အတွက် အဖိုးတန်အနိုင်ဂိုးကို လှလှပပသွင်းယူပေးသွားနိုင်ခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် အာဆင်နယ်က ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားပြီဖြစ်ပြီး နယူးကာဆယ်ကတော့ လက်ကျန်ပွဲစဉ်အထိ ရေကုန်ရေခမ်းဆက်လက်ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။