The network connection is lost.

Banner Image

စိန့်မေရီမှာ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတဲ့ မန်စီးတီး

ဆောက်သမ်တန် ဝ-၀ မန်စီးတီး (ပွဲပြီးရလဒ်)

အခုစိန့်မေရီကွင်းပွဲစဉ်မှာ မန်စီးတီးက ပြိုင်ဘက်ဆောက်သမ်တန်ကို ပွဲချိန်တလျှောက်လုံး ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ဟာလန်းပါဝင်လာတဲ့တိုက်စစ်ပိုင်းရဲ့ဂိုးကံခေမှုကြောင့် ဂိုးမရှိသရေရလဒ်နဲ့အတူ အဝေးကွင်းသရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။ တဖက်မှာလည်း တန်းဆင်းသွားရပြီဖြစ်ပေမယ့် ပြိုင်ဘက်ကို အတက်နိုင်ဆုံးကြိုးစားယှဉ်ပြိုင်ကစားခဲ့တဲ့ စိန့်တွေရဲ့အားထုတ်မှုကလည်း အသိအမှတ်ပြုစရာဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးပြိုင်ဘက်တွေပွဲကျပ်ရင်ဆိုင်ရချိန်မှာ အကောင်းဆုံးအသုံးမချနိုင်ခဲ့တဲ့ ပက်ဂွါဒီယိုလာရဲ့အသင်းအတွက် စိတ်ပျက်စရာရက်သတ္တပတ် ဖြစ်လာခဲ့ပါတယ်။