The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ လီဗာပူး

လီဗာပူး ၅-၁ တော့တင်ဟမ် (ပွဲပြီးရလဒ်)

အခုပွဲစဉ်တလျှောက်လုံးကို အိမ်ရှင်လီဗာပူးကသာ အပြတ်အသတ်အသာစီးရယူကစားနိုင်ခဲ့ပေမယ့် ပွဲချိန်အစောပိုင်းမှာပဲ ဆိုလန်ကီရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ အန်းစလော့ရဲ့အသင်းက တိုက်စစ်ကိုတောက်လျှောက်မြှင့်တင်ကစားခဲ့ပြီး ဂိုးပြတ်နိုင်ပွဲတစ်ခု ဖော်ဆောင်သွားခဲ့ပါတယ်။ လီဗာပူးအတွက် သွင်းဂိုးတွေကို ဒီယက်ဇ်၊ မက်အယ်လစ္စတာ၊ ဂတ်ပို၊ မိုဆာလက်နဲ့ အူဒိုဂို(O.G)တို့က သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် လီဗာပူးအသင်းက ရာသီမကုန်ဆုံးခင်မှာပဲ အခုရာသီ၊ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ပါတယ်။