The network connection is lost.

Banner Image

ဟွိုက်လန်းရဲ့နောက်ကျဂိုးနဲ့ တစ်ယောက်လျော့ဘုန်းမောက်ကို သရေကစားနိုင်ခဲ့တဲ့ ယူနိုက်တက်

ဘုန်းမောက် ၁-၁ ယူနိုက်တက်(ပွဲပြီးရလဒ်)

ဆီမီညို (၂၃')
ဟွိုက်လန်း (၉၀+၆)
အီဗန်နယ်ဆန် 🟥 (၇၀')

ပထမပိုင်းမှာ ဘုန်းမောက်ရဲ့ဦး‌ဆောင်ခြင်းကိုခံခဲ့ရတဲ့ယူနိုက်တက်တို့ ဒုတိယပိုင်းမှာတော့ ဟွိုက်လန်းရဲ့နောက်ကျသွင်းဂိုးကြောင့် သရေရလဒ်ကို အရယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ ဘုန်းမောက်က ပွဲကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် တစ်ယောက်လျော့သွားတဲ့အချိန်မှာတော့ အနိုင်ရလဒ်ကိုထိန်းသိမ်းဖို့ ခံစစ်ကစားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်က မေဆင်မောင့်နဲ့ ယူဂါတီတို့ကိုထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် တိုးတက်တဲ့ကစားပုံကိုတော့ မြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။ ယခုပွဲမှာသရေရခဲ့တာကြောင့် ယူနိုက်တို့ အဆင့် ၁၄ နေရာသို့ တက်လှမ်းနိုင်ခဲ့ပါတယ်။