
ဂျက်ဆန်ရဲ့ပထမပိုင်းသွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချဲလ်ဆီး
ချဲလ်ဆီး ၁ - ၀ အဲဗာတန် (ပွဲပြီးရလဒ်)
ချဲလ်ဆီးတို့ ယနေ့ညပွဲချိန်တော်တော်များများမှာ ခြေအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်အားနည်းမှုတွေကြောင့် ဂျက်ဆန်ရဲ့သွင်းဂိုးတစ်ဂိုးတည်းနဲ့သာ အနိုင်ရခဲ့ပါတယ်။
အဲဗာတန်ကတော့ တစ်ပွဲလုံးနီးပါး ခြေစွမ်းကောင်းမပြနိုင်ပေမယ့် ပွဲပြီးခါနီးမှာတော့ ချဲလ်ဆီးကို ပြန်ဒုက္ခပေးနိုင်ခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် ချဲလ်ဆီးဟာ အဆင့်၄နေရာကို ယာယီတက်လှမ်းလာနိုင်ခဲ့ပါတယ်။