The network connection is lost.

Banner Image

အာဆင်နယ်ရဲ့ခြိမ်းခြောက်နိုင်မှုတစ်ခုကို စိုးရိမ်နေကြတယ်လို့ ကော်တိုရစ် ဝန်ခံပြောကြား

ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တိုရစ်က အာဆင်နယ်ရဲ့တည်ကန်ဘောခြိမ်းခြောက်နိုင်မှုကို မိမိတို့စိုးရိမ်နေကြတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ မက်ဒရစ်ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲပထမအကျော့အဖြစ် အာဆင်နယ်အသင်းရဲ့အိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဗလန်စီယာကို ၂-၁ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ရီးရဲလ်အသင်းအနေနဲ့ ထောင့်ကန်ဘောကနေ ၁၀ ကြိမ်မြောက်ဂိုးကို ပေးခဲ့ရတာဖြစ်ပါတယ်။

အဆိုပါအနေအထားကြောင့် ရီးရဲလ်အသင်းက ခံစစ်မှာ တည်ကန်ဘောတွေကို တားဆီးနိုင်စွမ်းမရှိတဲ့အနေအထားဖြစ်နေပြီး အာဆင်နယ်ကလည်း တည်ကန်ဘောကနေ ဂိုးသွင်းရာမှာ ဒီရာသီအထူးချွန်ဆုံးအနေအထားဖြစ်နေသလို ကော်တိုရစ်က ဒုက္ခပေးလာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

“ကျွန်တော်တို့ အဲ့တာကို အလုပ်လုပ်ရပါမယ်။ သူတို့နဲ့ရင်ဆိုင်ရာမှာ ဘယ်လိုကာကွယ်ရမလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ ပထမဆုံးအရာက ထောင့်ကန်ဘောတွေအများကြီးမပေးရဖို့ပါ။ အဲ့တာက အာရုံစူးစိုက်မှုရှိဖို့ပါပဲ။ တစ်ချို့အချိန်တွေမှာ ပြိုင်ဘက်က အဲ့လိုတည်ကန်ဘောကောင်းတဲ့အရည်အချင်းရှိတတ်ပါတယ်။ တကယ်လို့ ဘောလုံးက တိတိကျကျရောက်လာမယ်ဆိုရင် အဲ့တာကိုကာကွယ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။

အဲ့အတွက်လည်း ကျွန်တော်တို့ ပြင်ဆင်နေပြီး အကောင်းဆုံးလုပ်နိုင်မယ်လို့ ယုံပါတယ်။ အာဆင်နယ်အပေါ် ကျွန်တော်တို့ အများကြီးလေးစားမှုရှိပါတယ်။ ကျွန်တော့်မှာ အာဆင်နယ်ပရိသတ်သူငယ်ချင်းအများကြီးရှိပါတယ်။ ပရီးမီးယားလိဂ်မှာလည်း သူတို့အကောင်းဆုံးလုပ်နေတာကို ကျွန်တော် သိပါတယ်။ သူတို့က ငယ်ရွယ်တဲ့အသင်းပါ။ ကောင်းမွန်တဲ့ခံစားချက်ရှိသလို တည်ကန်ဘောကနေ ဂိုးသွင်းနိုင်ရာမှာလည်း ကောင်းပါတယ်”လို့ ကော်တိုရစ်က ပြောကြားခဲ့ပါတယ်။ မက်ဒရစ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့နောက် ၄ မှတ်ကွာဟနေပြီး ဆုဖလား ၃ လုံးလမ်းကြောင်းပေါ်မှာရှိနေဆဲဖြစ်ပါတယ်။