The network connection is lost.

Banner Image

မက်ဆီရဲ့ခံယူချက်ပိုင်းနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ အင်တာမိုင်ယာမီအသင်းဖော်

အင်တာမိုင်ယာမီစတား  ဂျူလီယန်က မက်ဆီဟာ ပွဲတစ်ပွဲသရေကျတာတောင် လက်မခံနိုင်တဲ့လူစားမျိုးဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် အာဂျင်တိုင်းသားဟာ ပွဲတွေသရေကျတာကို စိတ်ပျက်တတ်တဲ့လူစားမျိုးဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဘော်လွန်းဒီအော်ဆု ၈ ကြိမ်ရ မက်ဆီဟာ သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားဖြစ်သလို ကစားတဲ့ပွဲတိုင်းကိုအနိုင်ရချင်တာဖြစ်ပါတယ်။

အဆိုပါခံယူချက် နဲ့ စိတ်ပိုင်းဆိုင်ရာက အသက် ၃၇ နှစ်သားကို တောက်ပစေတာဖြစ်ပါတယ်။ မက်ဆီဟာ ၂၀၂၄ မှာ အင်တာမိုင်ယာမီအသင်းကို Supporters’ Shield ဆုဖလားကို ရယူပေးနိုင်ခဲ့ပေမယ့် မေဂျာလိဂ်မှာတော့ ခြေစစ်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

မက်ဆီရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အင်တာမိုင်ယာမီအသင်းဖော် ဂျူလီယန်က အခုလိုမျိုးပြောကြားခဲ့ပါတယ်။

“အဝတ်လဲခန်းထဲမှာက တောင်းဆိုမှုမြင့်မားပါတယ်။ ကျွန်တော်တို့ သမိုင်းတစ်လျှောက်နိုင်ပွဲအများဆုံးကစားသမားအကြောင်းပြောနေတာပါ။ သူတို့အသင်းကိုရောက်လာချိန်မှာ တူညီတဲ့ခံယူချက်အနေအထားမျိုးရှိပါတယ်။ ခင်ဗျားအနေနဲ့ သူ့ရဲ့အသင်းဖော်တစ်ဦးဖြစ်တယ်ဆိုရင် သူတို့နဲ့ဆင်တူအောင်လုပ်ဆောင်ရပါမယ်။

အသင်းမှာ မက်ဆီ ၊ ဆွာရက်ဇ် ၊ ဘက်စ်ကွက် ၊ အယ်လ်ဘာတို့ရှိနေပါတယ်။ သူတို့က ပွဲတစ်ပွဲသရေကျတာတောင် လက်မခံနိုင်တဲ့ကစားသမားတွေပါ။ အခုနှစ်အစောပိုင်းတုန်းက ကျွန်တော်တို့ ပွဲတစ်ပွဲသရေကျခဲ့ပါတယ်။

အဲ့နောက် အဝတ်လဲခန်းထဲဝင်လာချိန်မှာ သူတို့စိတ်ပျက်နေတာကို ကျွန်တော်မှတ်မိပါတယ်။ သူက ငါတို့သရေမကျခဲ့သင့်ဘူးဆိုပြီးပြောနေတာပါ။ ပွဲတစ်ပွဲကန်ချိန်မှာ သူတို့သေချာလေးကန်ကြပါတယ်။ ခင်ဗျားအနေနဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မပါဝင်ရင်တောင် သူတို့အားပေးစကားပြောတာကို ကြားနိုင်ပါတယ်။ 

သူတို့က အနိုင်ရလိုစိတ်ပြင်းထန်ကြပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့မှာပါ အဲ့စိတ်မျိုးကိန်းအောင်းလာခဲ့တာပါ”လို့ ဂရက်ဆဲလ်က ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ လာမယ့် ၂၀၂၅ မှာ မေဂျာလိဂ်ဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး အင်တာမိုင်ယာမီနဲ့စာချုပ်သက်တမ်းက ၁၂ လကျန်သေးတာဖြစ်ပါတယ်။

အင်တာမိုင်ယာမီဟာ လာမယ့်နှစ်မှာ လိဂ်ဖလား ၊ ကွန်ကာကက်ဖ်ချန်ပီယံဖလား နဲ့ ကလပ်ကမ္ဘာ့ဖလားတွေ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။