
တစ်မှတ်စီခွဲဝေယူခဲ့တဲ့ မန်ချက်စတာဒါဘီ
မန်ချက်စတာယူနိုက်တက် ဝ-၀ မန်စီးတီး (ပွဲပြီးရလဒ်)
အခုအိုးထရက်ဖို့ဒ်မန်ချက်စတာဒါဘီမှာ ယူနိုက်တက်ရော၊ မန်စီးတီးပါ မြန်နှုန်းမြင့်တိုက်စစ်ကစားဟန်ကို အသုံးချပြီး အပြန်အလှန်ဖွင့်ကစားခဲ့ပေမယ့် ဂိုးပေါက်တော့ မရှာတွေ့ခဲ့ပါဘူး။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ Top 4 ဝင်ခွင့်ရရှိရေးကြိုးပမ်းနေတဲ့ မန်စီးတီးက အစောပိုင်းမှာ ဘရန့်ဖို့ဒ်နဲ့ဂိုးမရှိသရေကျခဲ့တဲ့ ချဲလ်ဆီးရဲ့ခြေချော်မှုကို အခွင့်အရေးမယူနိုင်ခဲ့ပါဘူး။