
The network connection is lost.

ရီးရဲလ်မက်ဒရစ်က အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်မှာ အတော်လေး ပြင်းပြင်းထန်ထန် ယှဉ်ကစားခဲ့ရပြီး မိနစ်၉၀နဲ့ အချိန်ပိုပါ သရေကျနေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ ရီးရဲလ်က ၄-၂ ဂိုးနဲ့အနိုင်ရပြီး ကွာတားတက်သွားခဲ့ပါတယ်။
ပွဲအစမှာပဲ အက်သလက်တီကိုက ဂိုးစောစောရသွားတော့ ရီးရဲလ်ဘက်က အတော်လေးခက်ခဲသွားပါတယ်။ ဗင်နီစီးယက်စ်ရဲ့ ပင်နယ်တီကန်ချက် လွဲသွားတော့ ရီးရဲလ်အတွက် ပိုပြီး ခေါင်းကိုက်စရာဖြစ်သွားသေးတာ။
ဒါပေမယ့် ပင်နယ်တီအဆုံးအဖြတ်မှာ အက်သလက်တီကိုဘက်က အငြင်းပွားစရာ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပြီး ရီးရဲလ်က အဲဒီအခွင့်ကို အသုံးချပြီး အနိုင်ရသွားခဲ့တာပါ။ အခု ကွာတားဖိုင်နယ်မှာတော့ ရီးရဲလ်တို့ အာဆင်နယ်နဲ့ရင်ဆိုင်ရမှာပါ။