
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အနီးကပ်ဆုံးပြိုင်ဘက်ကို အနိုင်ယူခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်
နော်တင်ဟမ်ဖောရက်စ် ၁-၀ မန်စီးတီး (ပွဲပြီးရလဒ်)
စီးတီးဂရောင်းကွင်းမှာကစားတဲ့ပွဲစဉ်ရဲ့ ပွဲချိန်တလျှောက်လုံး အိမ်ရှင်နော်တင်ဟမ်ဖောရက်စ်ရော၊ ဧည့်သည်မန်စီးတီးပါ လူစုံထုတ်ပြီး အပြန်အလှန်တိုက်စစ်ဆင်ခဲ့ကြပေမယ့် အပိုင်အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာတော့ အိမ်ရှင်တွေအတွက် တစ်လုံးတည်းသောအဖိုးတန်အနိုင်ဂိုးကို တောင်ပံကစားသမားဟတ်ဆန်အိုဒွိုင်းက သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ နော်တင်ဟမ်ဖောရက်စ်က ပရီးမီးယားလိဂ်ထိပ်ဆုံးသုံးသင်းစာရင်းမှာ ဆက်ရှိနေခဲ့ပြီး လက်ရှိချန်ပီယံတွေကတော့ လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိဖို့အတွက် အခက်တွေ့လာခဲ့ပါတယ်။