The network connection is lost.

Banner Image

ပါရီမြေမှာ မထင်မှတ်ဘဲ အဖိုးတန်နိုင်ပွဲရရှိခဲ့တဲ့ လီဗာပူး

ပီအက်စ်ဂျီ ဝ-၁ လီဗာပူး (ပွဲပြီးရလဒ်)

ပွဲချိန်တလျှောက်လုံး အိမ်ရှင်ပီအက်စ်ဂျီက ဧည့်သည်လီဗာပူးကို အဖက်ဖက်မှအသာစီးရယူကစားနိုင်ခဲ့ပေမယ့် မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲစုံနိုင်ပွဲဆက်နေမှု ရပ်တန့်သွားခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း ခဗာရက်စ်ခီလီယာက အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် VAR မှ လူကျွံဘောအဖြစ် သတ်မှတ်ကာ သွင်းဂိုးကို ခွင့်မပြုပေးခဲ့ပါဘူး။ ပွဲချိန်နှောင်းပိုင်းမှာ လီဗာပူးအတွက် အဖိုးတန်အနိုင်ဂိုးကို လူစားဝင်ကစားသမားတွေဖြစ်တဲ့ ဒါဝင်နူနက်ဇ်ရဲ့ဖန်တီးပေးမှုမှတဆင့် အီလီယော့က သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ အန်းစလော့ရဲ့အသင်းက ဒုတိယအကျော့အန်ဖီးလ်ကွင်းပွဲစဉ်မတိုင်ခင် ပြိုင်ဘက်ပီအက်စ်ဂျီကို အနည်းငယ်အသာစီးရယူနိုင်ခဲ့ပါတယ်။

အခြားပွဲစဉ်ရလဒ်များ
------------------
ဖီယင်နော့ ဝ-၂ အင်တာမီလန်
ဘိုင်ယန်မြူးနစ် ၃-၀ လေဗာကူဆင်
ဘင်ဖီကာ ဝ-၁ ဘာစီလိုနာ