The network connection is lost.

Banner Image

ရောမမြေအိမ်ကွင်းနိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်တက်လှမ်းလာတဲ့ ရိုးမား

ရိုးမား ၃-၂ ပေါ်တို (ပွဲပြီးရလဒ်)

အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ပေါ်တိုတိုက်စစ်မှူးဆာမူက အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပွဲချိန်တလျှောက်လုံးအထူးခြေစွမ်းပြသခဲ့တဲ့ ဒိုင်ဘားလားရဲ့သွင်းဂိုးနှစ်ဂိုးနဲ့အတူ ရိုးမားတို့ ပြန်လာနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းစတင်လာချိန်မှာတော့ ပေါ်တိုကွင်းလယ်လူအူစတာကွီယို တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရလို့ ချေပဂိုးရရှိနိုင်ရေးပြင်ဆင်လာတဲ့ဧည့်သည်တို့ အခက်ကြုံခဲ့ရပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ လူစားဝင်ကစားသမားပီစီလီက ရိုးမားအတွက် အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူပေးခဲ့သလို နာကျင်အချိန်ပိုမှာ ရမ့်ချ်ရဲ့ O.G မှတဆင့် ပေါ်တိုတို့ ဒုတိယမြောက်ချေပဂိုး ရရှိခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ရိုးမားက ပြိုင်ဘက်ပေါ်တိုကို နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဂိုးဖြင့်အနိုင်ယူကာ ယူရိုပါလိဂ် ၁၆-သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

အခြားပွဲစဉ်ရလဒ်များ
------------------
စတူအာဘူခါရက် ၂-၀ PAOK (Agg: ၄-၁ ဂိုးဖြင့် စတူအာဘူခါရက် နောက်တစ်ဆင့်တက်)

ဂါလာတာစာရေး ၂-၂ အယ်လ်ခမာ (Agg: ၃-၆ ဂိုးဖြင့် အယ်လ်ခမာ နောက်တစ်ဆင့်တက်)

ဘိုဒိုဂလင့် ၃-၂ တွမ်တီး (Ext: ၂-၀, Agg: ၆-၄ ဂိုးဖြင့် ဘိုဒိုဂလင့် နောက်တစ်ဆင့်တက်)