
လူစားဝင်ကစားသမား မီရီနိုရဲ့သွင်းဂိုးတွေနဲ့ကင်းပါဝါကွင်းမှာ အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်
လက်စတာ ဝ-၂ အာဆင်နယ် (ပွဲပြီးရလဒ်)
အခုပွဲစဉ်တလျှောက်လုံး အိမ်ရှင်လက်စတာရော၊ ဧည့်သည်အာဆင်နယ်ပါ ထိရောက်တဲ့တိုက်စစ်ကစားဟန်မျိုး ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်း အာတီတာပြုလုပ်ခဲ့တဲ့ အလှည့်အပြောင်းတွေက အသင်းအတွက် အထောက်အကူဖြစ်ခဲ့ပြီး လူစားဝင်ကစားသမားမီရီနိုရဲ့သွင်းဂိုးတွေနဲ့ အဖိုးတန်အဝေးကွင်းနိုင်ပွဲ ရယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ လီဗာပူးကို တစ်ပွဲပိုကစား၊ လေးမှတ်အကွာဖြင့် ဖိအားပေးနိုင်ခဲ့ပါတယ်။