The network connection is lost.

Banner Image

ပေါ်တူဂီမှာအဖြေမထွက်လို့ ရောမမြေမှာအဆုံးအဖြတ်ခံယူမယ့် ပေါ်တိုနဲ့ ရိုးမား

ပေါ်တို ၁-၁ ရိုးမား (ပွဲပြီးရလဒ်)

ပွဲချိန်တလျှောက်လုံး အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ဖို့ ကြိုးစားမှုတွေနဲ့အတူ ပေါ်တိုနဲ့ရိုမားတို့အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ စီလစ်ခ်ရဲ့ပထမပိုင်းပွဲချိန်သွင်းဂိုးနဲ့ ဧည့်သည်တို့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန်အတွင်း မော်ရာက ပေါ်တိုအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်မှာ ပြိုင်ဘက်နှစ်သင်းအကြား ပြတ်သားတဲ့ရလဒ်မထွက်ပေါ်ခဲ့လို့ ယူရိုပါလိဂ်နောက်ဆုံး ၁၆-သင်းရှုံးထွက်အဆင့်တက်ရောက်နိုင်ရေးအတွက် ဒုတိယအကျော့ရောမမြေမှာ အဆုံးအဖြတ်ခံယူသွားရပါလိမ့်မယ်။

အခြားပွဲစဉ်ရလဒ်များ
------------------
ဖီရန်ဗားရို့စ် ၁-၀ ပယ်လ်ဇန်
မစ်ဂျေလန်း ၁-၂ ဆိုစီဒက်
ယူနီယံစိန့်ဂီလွိုက်စ် ဝ-၂ အေဂျက်စ်
ဖီနာဘာချီ ၃-၀ အန်ဒါလက်ချ်
အယ်လ်ခမာ ၄-၁ ဂါလာတာစာရေး
PAOK ၁-၂ စတူအာဘူခါရက်
တွမ်တီး ၂-၁ ဘိုဒိုဂလင့်