
စတမ်းဖို့ဒ်ဘရစ်ချ် Comeback နိုင်ပွဲနဲ့အတူ TOP 4 ဝင်ရောက်လာတဲ့ ချဲလ်ဆီး
ချဲလ်ဆီး ၂-၁ ဝက်စ်ဟမ်း (ပွဲပြီးရလဒ်)
ပထမပိုင်းပွဲချိန်အတွင်း ဘိုဝင်ရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုပေးထားရလို့ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ချဲလ်ဆီးက လိုအပ်နေတဲ့သွင်းဂိုးတွေ ရှာဖွေနိုင်အောင် ကစားသမားအပြောင်းအလဲတွေ ပြုလု်ပလာခဲ့ပါတယ်။ ဒီလိုအပြောင်းအလဲတွေကပဲ ချဲလ်ဆီးအတွက် အကျိုးရှိစေခဲ့ပြီး လူစားဝင်ကစားသမားနက်တိုရဲ့ချေပဂိုးအပြင် ဝမ်ဘစ်ဆာကာရဲ့ O.G မှတဆင့် အခုပွဲစဉ်အတွက် အနိုင်ဂိုးကိုပါ ရရှိခဲ့ပါတယ်။ အခုသီတင်းပတ်၊ မန်စီးတီးအသင်းရှုံးပွဲကို အခွင့်အရေးယူနိုင်ခဲ့တဲ့ ချဲလ်ဆီးတို့ အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းဆီ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။