
လီဆန်ဒရိုမာတီနက်ဇ်ရဲ့သွင်းဂိုးနဲ့ လန်ဒန်မြေမှာနိုင်ပွဲရရှိခဲ့တဲ့ ယူနိုက်တက်
ဖူလ်ဟမ် ဝ-၁ မန်ချက်စတာယူနိုက်တက် (ပွဲပြီးရလဒ်)
အခုပွဲစဉ်ရဲ့ ပွဲချိန်တစ်လျှောက်လုံး ဖူလ်ဟမ်ရော၊ ယူနိုက်တက်ပါ ထိရောက်တဲ့တိုက်စစ်ဆင်မှုတွေ မပြုလုပ်နိုင်လို့ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ဖို့ နီးစပ်နေခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန်နှောင်းပိုင်းမှာတော့ လီဆန်ဒရိုမာတီနက်ဇ်ရဲ့အဝေးကန်ချက်က မထင်မှတ်ဘဲ ဂိုးဝင်သွားလို့ ယူနိုက်တက်တို့ အဖိုးတန်အနိုင်ဂိုး ရရှိခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာလည်း ယူနိုက်တက်အတွက် အာမက်ဒီယာလို ဂိုးထပ်သွင်းပေးခဲ့ပေမယ့် VAR မှတဆင့် လူကျွံဘောအဖြစ်သတ်မှတ်ကာ ဒီသွင်းဂိုးကို ပယ်ဖျက်သွားခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် မတည်ငြိမ်မှုတွေနဲ့အတူရုန်းကန်နေရတဲ့ သရဲနီတွေအတွက် စိတ်ကျေနပ်စရာနိုင်ပွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။