The network connection is lost.

Banner Image

အဲဗာတန်ကို အိမ်ကွင်းမှာ အနိုင်မယူနိုင်ဘဲ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ် ၀ - ၀ အဲဗာတန် (ပွဲပြီးရလဒ်)

အာဆင်နယ်အသင်းဟာ ပထမပိုင်းကအတိုင်းပဲ ပွဲကို အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်နဲ့ အဆုံးသတ်ပေးပို့မှုတွေမှာ အားနည်းခဲ့တာကြောင့် အမ်းမရိတ်မြေမှာ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ အာတီတာက အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပေမယ့် ကစားပုံတက်မလာဘဲ အဲဗာတန်ကသာ အာဆင်နယ်ရဲ့တိုက်စစ်တွေကို အကောင်းဆုံး တားဆီးသွားခဲ့ပါတယ်။
ဒါကြောင့် မနက်ဖြန်ည ချဲလ်ဆီးမကစားခင် အဆင့်၂နေရာရယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး ချဲလ်ဆီးသာ အနိုင်ရခဲ့ရင် အမှတ်ဒီထက်ပိုပြတ်မယ့်အရေးနဲ့ အာဆင်နယ်တို့ ရင်ဆိုင်ခဲ့ရပြီ ဖြစ်ပါတယ်။