ဘက်ခမ်းခြေရာကို လိုက်နင်းဖို့ပြင်ဆင်နေတဲ့ ဟွမ်မာတာ
ယူနိုက်တက်စတားဟောင်း ဟွမ်မာတာတစ်ယောက် ဘက်ခမ်းခြေရာကိုလိုက်နင်းပြီး မေဂျာလိဂ်ကလပ် ဆန်ဒီယေဂိုအသင်းကို ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဝယ်ယူမှုကြောင့် မာတာရဲ့အသင်းဟာ လာမယ့်ရာသီတွေမှာ ဘက်ခမ်းရဲ့အင်တာမိုင်ယာမီအသင်းနဲ့အားပြိုင်ရတော့မှာဖြစ်ပါတယ်။
စပိန်စတားဟောင်းဟာ လက်ရှိသြစတြေးလျကလပ် ဆစ်ဒနီအသင်းမှာကစားနေတာဖြစ်ပြီး ပထမဆုံးအကြိမ်အသင်းဝယ်ယူခဲ့တာဖြစ်ပါတယ်။
ဆန်ဒီယေဂိုအသင်းကို အီဂျစ်စီးပွားရေးလုပ်ငန်းရှင် ဆာမိုဟာမင်မန်ဆောက တည်ထောင်ခဲ့တာဖြစ်ပြီး Dream အကယ်ဒမီ နဲ့ ဒိန်းမတ်ကလပ် နော့တ်ဂျေလန်းအသင်းတွေကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
မာတာကတော့ အမေရိကမြေမှာ တစ်စုံတစ်ခုတည်ဆောက်ဖို့အတွက် စိတ်လှုပ်ရှားမိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ဆန်ဒီယေဂိုအသင်းရဲ့ပါတနာအဖြစ် ပါဝင်ခွင့်ရတာက တကယ့်ကိုစိတ်လှုပ်ရှားစရာပါ။ ဒီအသင်းကို ထူးခြားအောင်တည်ဆောက်ချင်သလို ဒီလိဂ်ကနေလည်း အတွေ့အကြုံတွေယူချင်ပါတယ်။
ပြီးတော့ ဒီအသင်းအတွက်လည်း အာရုံစိုက်မှုအပြည့်နဲ့ ရေရှည်ကိုမျှော်ကြည့်ပြီး သေချာလေးတည်ဆောက်ချင်ပါတယ်။
ပွဲအတွင်း ကျွန်တော့်အတွေ့အကြုံတွေ နဲ့ စိတ်အားထက်သန်မှုတွေကလည်း အသင်းရဲ့ကွင်းတွင်းကွင်းပြင် တည်ဆောက်မှုမှာ အလုပ်ဖြစ်မယ်လို့ ထင်ပါတယ်”လို့ မာတာက ပြောကြားခဲ့ပါတယ်။
ဆန်ဒီယေဂိုအသင်းဟာ လာမယ့် ၂၀၂၅ မေဂျာလိဂ်ပွဲဦးထွက်အတွက် ပြင်ဆင်နေပြီး ပွဲတွေကို ပရိသတ်ဦးရေ SnapDragon ကွင်းမှာ ကစားသွားမှာဖြစ်ပါတယ်။