ပါကွေတာရဲ့လောင်းကစားအမှုမှာ ပါဝင်ခဲ့တဲ့ စပွန်ဆာ Betway နဲ့ လမ်းခွဲဖို့ ပြင်ဆင်နေတဲ့ ဝက်စ်ဟမ်း
ဝက်စ်ဟမ်းအသင်းဟာ ကွင်းလယ်လူ ပါကွေတာရဲ့လောင်းကစားအမှုမှာ ပါဝင်ခဲ့တဲ့ စပွန်ဆာ Betway နဲ့ လမ်းခွဲဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လတုန်းက ပါကွေတာတစ်ယောက် လောင်းကစားစည်းမျည်းချိုးဖောက်ခဲ့တာကြောင့် ပွဲပယ်ခံခဲ့ရတာဖြစ်ပါတယ်။
ဘရာဇီးသားဟာ ၂၀၂၂ တုန်းက လက်စတာနဲ့ ကန်ခဲ့တဲ့ပွဲမှာ အဝါကတ် ၄ ကတ်အလောင်းအစားပြုလုပ်ခဲ့သလို ဗီလာ ၊ လိဒ် ၊ ဘုန်းမောက်နဲ့ပွဲတွေမှာလည်း သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ကတည်းက ပါကွေတာအနေနဲ့ ရာသက်ပန်ပွဲပယ်ခံရနိုင်တယ်လို့ ကောက်ချက်ချနေကြပါတယ်။
ဘရာဇီးသားဟာ ဝက်စ်ဟမ်းအသင်းရဲ့စပွန်ဆာ Betway နဲ့လည်း ပါဝင်ပတ်သက်မှုရှိခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ နောက်ထပ်သတင်းတွေအရ ဝက်စ်ဟမ်းအသင်းဟာ အခြေအနေနဲ့ပတ်သက်ပြီး မိမိတို့ထံအသိမပေးခဲ့တဲ့ စပွန်ဆာကုမ္ပဏီကြောင့် မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပါတယ်။
အဆိုပါအနေအထားမှာ ဝက်စ်ဟမ်းအသင်းဘက်က တစ်နှစ်ကိုပေါင် ၁၀ သန်းစာချုပ်တန်ကြေးရှိတဲ့ Betway နဲ့ လမ်းခွဲဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်း နဲ့ Betway တို့ကြား လမ်းခွဲပြီးရင် အသင်းဘက်က လာမယ့် ၂၀၂၆ - ၂၇ ရာသီအတွက် စပွန်ဆာအသစ်ရှာဖွေဖို့ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ လောင်းကစားစပွန်ဆာတွေကို တားမြစ်ထားသလို ဝက်စ်ဟမ်းအသင်းဘက်က Betway ရဲ့စီမံခန့်ခွဲမှုတွေကို သဘောမကျဖြစ်နေပါတယ်။ သတင်းတွေအရ ဝက်စ်ဟမ်းအသင်းဟာ ပါကွေတာအမှုနဲ့ပတ်သက်ပြီး အက်ဖ်အေတရားရုံးထံကနေ ကနဦးဆုံးဖြတ်ချက်ကို သိရှိလိုနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာအားကစားခုံရုံးကိုလည်း အယူခံဝင်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။