The network connection is lost.

Banner Image

ဒီလစ်ချ်အတွက် ဘိုင်ယန်မြူးနစ် တောင်းဆိုထားတဲ့ဈေးအပေါ် တုံ့ပြန်လိုက်တဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ ဗာရာနီ ထွက်ခွာသွားပြီးနောက် ယခုနွေရာသီမှာ ဗဟိုနောက်ခံလူသစ်တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး ဘရန့်ဝိတ်အတွက် ပေါင် ၄၅ သန်းနဲ့ ကမ်းလှမ်းမှုကို ယခုလမှာ အဲဗာတန်က ပယ်ချခဲ့ပြီးဖြစ်ပါတယ်။

အဲဗာတန်ဟာ ယူနိုက်တက်ရဲ့ထိပ်တန်းပစ်မှတ်ဖြစ်တဲ့ ဘရန့်ဝိတ်ကို ပေါင်သန်း ၇၀ ကျော်ဖြင့် ဈေးကိုင်ထားကြောင်း သိရှိပါတယ်။သို့သော်လည်း ယူနိုက်တက်က အခြားရွေးချယ်စရာများကို ရှာဖွေနေပြီး ဒီလစ်ချ်ဟာ ၎င်းတို့ရဲ့ ဆန်ခါတင်စာရင်းရှိနာမည်များထဲတွင် ပါဝင်နေပါတယ်။

Bild က ခရစ္စတီယန်ဖော့ခ်ရဲ့ဖော်ပြချက်အရ ဘိုင်ယန်ဟာ ဒီလစ်ချ်ကို ယခုနွေရာသီတွင် ယူရိုသန်း ၇၀ (ပေါင် ၅၉.၃ သန်း) ဖြင့် ရောင်းချလိုနေပါတယ်။ဒါပေမယ့် ယူနိုက်တက်ကတော့ အသက် ၂၄ နှစ်အရွယ် ကစားသမားအတွက် ယူရို ၃၅ သန်း (ပေါင် ၂၉.၆ သန်း) လောက်သာ ပေးချေဖို့ ပြင်ဆင်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

ထိုအတောအတွင်း ဘိုင်ယန်မြူးနစ်ဟာ နွေရာသီတွင် ကန့်သတ်ဘတ်ဂျက်ဖြင့် လုပ်ဆောင်နေတဲ့ ယူနိုက်တက်ထံမှ ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ (ပေါင် ၄၂ သန်း) လောက်ဖြင့် ကမ်းလှမ်းမယ်ဆိုရင် လက်ခံသွားဖို့ရှိနေပါတယ်လို့ ယခုလအစောပိုင်းက Sky Germany က ဖော်ပြထားပါတယ်။အဲရစ်တန်ဟက်ဟာ အေဂျက်စ်တွင် တစ်ရာသီကြာ လက်တွဲခဲ့တဲ့ နောက်ခံလူဒီလစ်ချ်ကို သဘောကျနေကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဂျူဗင်တပ်မှ ဒီလစ်ချ်ကို ခေါ်ယူရန်အတွက် ယူရို ၇၇ သန်း (ပေါင် ၆၅.၆ သန်း) အသုံးပြုခဲ့သော်လည်း ဂျာမနီတွင် နေထိုင်စဉ်အတွင်း ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်လီဂါမှာ ၁၆ ပွဲသာ ကစားခဲ့ပါတယ်။

ယူရို ၂၀၂၄ အတွက် နယ်သာလန်အသင်းနဲ့ အတူရှိနေခဲ့တဲ့ ဒီလအစောပိုင်းတုန်းက ဘိုင်ယန်မြူးနစ်ရှိ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ "ဒါက စဉ်းစားရမယ့်အချိန်မဟုတ်ဘူးလို့ ကျွန်တော်ပြောထားပြီးသားပါ""ကျွန်တော်တို့ အခု ယူရိုပြိုင်ပွဲမှာ ကစားနေပြီး အဲဒါက ကျွန်တော်နဲ့ နိုင်ငံအသင်းအတွက် အရမ်းအရေးကြီးတယ်။ ဒါကြောင့် ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုထင်မြင်ယူဆချက်တွေကိုမှ မပြောနိုင်သေးပါဘူး"

"ဒါပေမယ့် ကျွန်တော်ပြောနိုင်တာက အခု ဘိုင်ယန်မှာ ဒုတိယရာသီ ကစားခဲ့ရလို့ အရမ်းပျော်ပါတယ်။ အခုအချိန်မှာ ကျွန်တော် ယူရိုကို အာရုံစိုက်နေပြီး ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့ မြင်တွေ့ရမှာပါ" လို့ ဖြေပါတယ်။ဘိုင်ယန်မြူးနစ်ဟာ ယခုနွေရာသီတွင် ဗဟိုခံစစ်ကစားသမား အနည်းဆုံးတစ်ဦးကိုခေါ်ယူရန် ပစ်မှတ်ထားပြီး လေဗာကူဆင်မှ ဂျိုနသန်တာအား ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါတယ်။