အသင်းဟောင်း ယူနိုက်တက်ကို တစ်ကျော့ပြန် ဒုက္ခပေးနိုင်တဲ့ ဒန်နီရယ်ဂျိမ်းစ်
ဒီတစ်ပတ်တွင် အသင်းဟောင်း မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်တွေ့သွားမယ့် ဒန်နရီဂျိမ်းစ်ရဲ့ အလားအလာတွေကို ပရီးမီးယားလိဂ်နည်းစနစ်သုံးသပ်သူ အက်ဒရီယန် ကလာခ်က သုံးသပ်ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေမှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲတွင် ဂျိမ်းစ်ဟာ လိဒ်စ်ရဲ့ တိုက်စစ်တွင် ဦးဆောင်ပါဝင်လာနိုင်မယ့်သူ ဖြစ်ပါတယ်။ ဂျိမ်းစ်ဟာ ရာသီအစ လိဒ်စ်နဲ့တွေ့တုန်းက ယူနိုက်တက်အတွက် ဗွေဆော်ဦး သွင်းယူပေးခဲ့သူလည်း ဖြစ်သည်။
လက်ရှိတွင် လိဒ်စ်ရဲ့ အားကိုးရတဲ့ တိုက်စစ်မှူး ဘန်းဖို့ဒ် မပါဝင်နိုင်ချိန်တွင် ဂျိမ်းစ်ဟာ ဗဟိုတိုက်စစ်မှူးအဖြစ် ကစားနေပြီး နောက်ဆုံး ၅ပွဲမှာ ၃ဂိုးသွင်းယူထားပါတယ်။ အသက်၂၄နှစ်သားဟာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ မက်ဂွါရီ၊ ဗာရာနီ၊လင်ဒီလော့ဖ်တို့ကို သူတတ်နိုင်သမျှ ဖြိုခွင်းရမယ့် တာဝန်ကျရောက်နေပါပြီ။
ဂျိမ်းစ်ရဲ့အားသာချက်ကတော့ မြန်နူန်းမြင့် ပြေးအားဖြစ်ပြီး တန်ပြန်တိုက်စစ်တွေ အလှည့်အထွက်တွေမှာ အသုံးဝင်သူ ဖြစ်ပါတယ်။ နေရာလွတ်တွေကနေ ယူနိုက်တက်နောက်ခံလူတွေကို ကျော်ပြီး အရေးပါတဲ့ အခိုက်အတန့်တွေကို ဂိုးအဖြစ် ပြောင်းလဲမယ်ဆိုရင်တော့ ဒန်နီရယ်ဂျိမ်းစ်ဟာ ပွဲရဲ့ အကောင်းဆုံးဇာတ်ကောင် ဖြစ်သွားနိုင်ပါတယ်။
အချက်အလက်တွေအရ ဂျိမ်းစ်ဟာ ယူနိုက်တက်နောက်ခံလူတွေထက် ပြေးအားမှာ သာလွန်နေပါတယ်။
ဒန်နီရယ် ဂျိမ်းစ် - တစ်နာရီ ၃၅.၁ ကီလိုမီတာ
မက်ဂွါရီ - တစ်နာရီ ၃၁.၁ ကီလိုမီတာ
ဗာရာနီ - တစ်နာရီ ၃၃.၆ ကီလိုမီတာ
လင်ဒီလော့ဖ် - တစ်နာရီ ၃၃.၁ ကီလိုမီတာ
ဒါကြောင့်မို့ ယူနိက်တက်နောက်ခံလူတွေအနေနဲ့ ဒန်နီရယ်ဂျိမ်းစ်ကို သတိကြီးကြီး ထားဖို့လိုအပ်ပါတယ်။ သူရဲ့ တစ်နာရီ ၃၅.၁ကီလိုမီတာ ပြေးနူန်းအား ယူနိုက်တက် နောက်ခံလူတွေထက ်သိသာစွာ ပိုမြန်နေပြီး ရန်းနစ်ရဲ့ ခံစစ်လိုင်း စုဖွဲ့မှုက ပုံမှန်ထက် deep ရှိနေမလား ကြည့်ရမှာပါ။
ဒါပေမဲ့ ဂျိမ်းစ်ဟာ အရပ်၅ပေနဲ့ ၇လက်မသာ မြင့်တာကြောင့် ပုံမှန် ဗဟိုတိုက်စစ်မှူးတစ်ယောက်လို ကြံခိုင်မှု အားသာချက်တွေ ပေးနိုင်မှာမဟုတ်ပါဘူး၊ ဘန်းဖို့ဒ် မပါဝင်နိုင်ချိန်တွင် လိဒ်စ်ဟာ တိုက်ရိုက်တိုက်စစ်ဆင်မှုတွေ ပိုမို အသုံးချလာတာ တွေ့ရပါတယ်။တကယ်လည်း လိဒ်စ်အသင်းဟာ ပရီးမီးယားလိဂ်တွင် direct attack အလုပ်ဆုံး အသင်းဖြစ်နေပါတယ်။
တိုက်ရိုက်တိုက်စစ်ဆင်မှု အများဆုံး အသင်း (၂၀၂၁-၂၂)
လိဒ်စ် - ၅၆ကြိမ်
လီဗာပူး - ၅၀ကြိမ်
ချဲလ်ဆီး - ၄၇ကြိမ်
မန်ယူသာ ပင်နယ်တီဧရိယာအတွင်းမှသာ ခံစစ်ကာပြီး ဂျိမ်းစ်ရဲ့ ပြေးလှမ်းတွေကို ဖျက်စီးမယ်ဆိုရင်တောင် ၎င်းဟာ အန္တာရယ်ပေးနိုင်စွမ်း ရှိပါတယ်။
မကြာသေးခင်က ဂျိမ်းစ်ဟာ အံ့အားသင့်စွာဘဲ အက်စတွန်ဗီလာ၊ဘန်လေပွဲတွေမှာ ခေါင်းတိုက်ဂိုးတွေ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဂိုးတွေ လတ်တလော ရနေသူ ဖြစ်တာကြောင့် အသင်းဟောင်းယူနိုက်တက်နဲ့ ရင်ဆိုင်ရချိန်မှာလည်း ဒန်နီရယ်ဂျိမ်းစ် တစ်ခုခု လုပ်ပြနိုင်ဖို့တာစူနေလောက်မယ်လို့ထင်ပါတယ်။