The network connection is lost.

Banner Image

စပိန်နည်းပြ အင်းနရစ်ရဲ့ ရှုမငြီးတဲ့ချစ်သမီးလေးနဲ့ ဒိတ်လုပ်နေတဲ့ ဖာရန်တောရက်စ်

စပိန်တိုက်စစ်မှူး ဖာရန်တောရက်စ် မန်စီးတီးကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာတာက ဘောလုံးကိစ္စတစ်ခုတည်းကြောင့်တော့ မဟုတ်လောက်ပါဘူး။ ဖာရန်တောရက်စ်ဟာ လက်ရှိစပိန်အသင်းနည်းပြလည်းဖြစ်၊ ဘာစီလိုနာနည်းပြဟောင်းလည်းဖြစ်တဲ့ လူးဝစ်အင်းနရစ်ရဲ့သမီးနဲ့ ဒိတ်လုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အင်းနရစ်ရဲ့သမီးဖြစ်သူ ဆီရာမာတီနက်ဇ်ဟာ ပရော်ဖက်ရှင်နယ် မြင်းစီးမယ်ဖြစ်ပြီး ကြီးကျယ်ခမ်းနားတဲ့ ဘာစီလိုနာ Royal Polo Club မြင်းစီကလပ်ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။

စပိန်သတင်းဌာန EnBlau က တောရက်စ်နဲ့ ဆီရာတို့ဟာ မန်ချက်စတာမှာ တောရက်စ် ကစားနေစဉ်ကတည်းက အနေဝေးပေမယ့် ဒိတ်နေခဲ့တာဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ တောရက်စ်လည်း ဘာစီလိုနာကို ရောက်လာပြီဖြစ်လို့ ချစ်ရသူလေးနဲ့ တစ်မြို့တည်းဖြစ်သွားပြီး အနေနီးလို့ သံယောဇဉ်တွေ ပိုတိုးလာတော့မှာသေချာပါတယ်။ ဘာစီလိုနာနည်းပြသစ် ဇာဗီဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် အသင်းကို ပြန်လည်ပြုပြင်တည်ဆောက်နေပြီး အသက် ၂၁နှစ်အရွယ်ရှိ တောရက်စ်ကို အသင်းရဲ့ဦးစားပေးပစ်မှတ်အဖြစ် ပေါင် ၅၅သန်းနဲ့ ခေါ်ယူအားဖြည့်ခဲ့တာပါ။

စပိန်လက်ရွေးစင် ဖာရန်တောရက်စ်ဟာ ခြေထောက်ကျိုးဒဏ်ရာကြောင့် ယခုရာသီမှာ ၁၄ ပွဲအထိ လွဲချော်ခဲ့ရပြီး ပြင်သစ်ကို အရေးနိမ့်ခဲ့တဲ့ စပိန်အသင်းရဲ့နေးရှင်းလိဂ်ပွဲမှာ အဆိုပါဒဏ်ရာမရခင် စီးတီးအတွက် ၇ပွဲမှာ ၃ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။