ရော်နယ်ဒိုရဲ့ရေပန်းစားမှုကို ဘရူနိုအနေနဲ့ စိတ်ဆိုးသင့်တယ်လို့ ဝက်စ်ဘရောင်း ပြောကြား | Ballonestar


The network connection is lost.

Banner Image

ရော်နယ်ဒိုရဲ့ရေပန်းစားမှုကို ဘရူနိုအနေနဲ့ စိတ်ဆိုးသင့်တယ်လို့ ဝက်စ်ဘရောင်း ပြောကြား

ယူနိုက်တက်နောက်ခံလူဟောင်း ဘရောင်းက ဖာနန်ဒက်စ်အနေနဲ့ ရော်နယ်ဒိုရဲ့ရေပန်းစားမှုကို စိတ်ဆိုးသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ ပေါ်တူဂီအသင်းကတော့ ယူရို ၂၀၂၄ ကွာတားဖိုင်နယ်မှာ ပြင်သစ်ကို ပင်နယ်တီနဲ့ အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။   

အသက် ၃၉ နှစ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုကတော့ ယူရိုပြိုင်ပွဲမှာ ပွဲတိုင်းနီးပါးပါဝင်ခွင့် ရရှိထားပါတယ်။ မာတီနက်ဇ်ကလည်း ရော်နယ်ဒိုတစ်ယောက် ဂိုးမရခဲ့ပေမယ့် ပွဲတိုင်းနီးပါးကို ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။

ဂျော်ဂျီယာနဲ့တစ်ပွဲတည်းသာ ရော်နယ်ဒိုအနေနဲ့ လူစားလဲခံခဲ့ရပါတယ်။ ဒါပေမယ့် ဘရောင်းက ဖာနန်ဒက်စ်အနေနဲ့ အဆိုပါအနေအထားကို ဒေါသထွက်သင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။

“သူ(ဖာနန်ဒက်စ်)တစ်ယောက် အဲ့တာကို စိတ်ဆိုးသင့်ပါတယ်။ သူက ပြင်သစ်နဲ့ပွဲမှာ ၇၅ မိနစ်နောက်ပိုင်းမှ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ သူက ဂိုးဖန်တီးနိုင်ဖို့ လုပ်ဆောင်ခဲ့တာပါ။ သူ့အနေနဲ့ စိတ်ပျက်သင့်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက အဲ့တာနဲ့ထိုက်တန်ပါတယ်။ အဲ့တာက ခက်ခဲတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် သူက ကွင်းထဲမှာဆက်နေဖို့ ၁၀၀% ထိုက်တန်ပါတယ်။ ဘာလို့လဲဆိုတော့ သူဂိုးရနိုင်ချေရှိတာကြောင့်ပါ။ အသင်းမှာ ရော်နယ်ဒိုအတွက် အများကြီးလေးစားမှုရှိပါတယ်။ သူဂိုးမရခဲ့ပေမယ့် ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ သူ့အတွက် နောက်ဆုံးပြိုင်ပွဲဖြစ်တာကြောင့် လူစားလဲခံရဖို့ မလိုပါဘူး။ သူကဂိုးရဖို့ ထိုက်တန်တဲ့သူတစ်ဦးပါ။ သူကောင်းကောင်းမကစားနိုင်ခဲ့ပေမယ့် နည်းပြကလည်း သူ့ကိုတာဝန်ယူမှုအပိုင်းနဲ့ ဖိအားတွေပေးချင်မှာ မဟုတ်ပါဘူး”လို့ ဘရောင်းက ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုတစ်ယောက် ဆလိုဗေးနီးယားနဲ့ပွဲမှာ ပင်နယ်တီရခဲ့ပေမယ့် ဂိုးမဝင်ခဲ့တာကြောင့် ငိုကြွေးခဲ့သေးတာဖြစ်ပါတယ်။ “ကျွန်တော်နဲ့ ယူနိုက်တက်မှာ အတူတူကစားတုန်းက အရေးပါတဲ့ပွဲတွေမှာ သူအများကြီးလွဲချော်ခဲ့ပါတယ်။ သူအကောင်းဆုံးလုပ်ဆောင်ခဲ့ပေမယ့် နောက်ဆုံးပြိုင်ပွဲမှာ ဂိုးမဝင်ခဲ့တာကြောင့် ငိုကြွေးတာနေမှာပါ။ သူ့အတွက် အခုဂိုးမရခဲ့တာက ကြီးမားတဲ့စိတ်ပျက်မှုပါ။ ဘာပဲဖြစ်ဖြစ် သူဂိုးသွင်းချင်ခဲ့ပါတယ်။ သူက အဲ့တာကို ကန်ချင်ခဲ့ပါတယ်။ အချို့ကစားသမားတွေလည်း ပင်နယ်တီ လွဲချော်နိုင်ပါတယ်”လို့ ဘရောင်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၂၃ - ၂၄ ရာသီမှာ အယ်လ်နာဆာ အသင်းအတွက် ၅၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး နိုင်ငံအသင်းအတွက် ၂၁၂ ပွဲမှာ ၁၃၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အခုယူရိုပြိုင်ပွဲက သူ့အတွက် နောက်ဆုံးနိုင်ငံတကာပွဲဖြစ်လာနိုင်တယ်ဆိုပေမယ့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း ပါဝင်ကစားနိုင်ချေရှိနေပါတယ်။