The network connection is lost.

Banner Image

ဆော်ဒီပရိုလိဂ်ကို ငြင်းပယ်ကာ MLS ပြောင်းရွှေ့ဖို့ ရည်ရွယ်ချက်တွေကို အတည်ပြုခဲ့တဲ့ လီဝန်ဒေါ့စကီး

အသက် ၃၅ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီက ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာသို့ ၄ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့ပြီး ဂျာမနီက အောင်မြင်တဲ့ ကစားသမားဘဝကို အပြီးသတ်ခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါ့စကီးဟာ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ဘွန်ဒက်စ်လီဂါ ၈ ကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီး ဒေါ့မွန်ရှိ ကလော့ပ်ရဲ့လက်အောက်တွင် ၂ ကြိမ်ရရှိခဲ့ကာ ဂျာမနီထိပ်တန်းလိဂ်တွင် ဒုတိယဂိုးသွင်းအများဆုံးဖြစ်ပြီး ၃၁၂ ဂိုးသွင်းထားကာ ဂန္တဝင်ကစားသမားဖြစ်တဲ့ ဂတ်မူလာထက်ရဲ့နောက် ဒုတိယအများဆုံး ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဘာစီလိုနာသို့ ယူရို ၄၅ သန်း (ပေါင် ၃၈.၅ သန်း) ဖြင့် ပြောင်းရွှေ့လာမှုဟာ ဘိုင်ယန်မြူးနစ်ရဲ့ စံချိန်တင်ရောင်းချမှုတစ်ခုဖြစ်ပြီး စပိန်တွင် သူ့ရဲ့ပထမဆုံးရာသီတွင် ပီချီချီဆုဖလားကို ရယူကာ လာလီဂါ ၃၄ ပွဲတွင် ၂၃ ဂိုး သွင်းယူနိုင်ခဲ့ပါကာ ရီးရဲလ်မက်ဒရစ်ရှိနောက်ဆုံးရာသီတွင် ဘန်ဇီးမားသွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ထက် ၄ ဂိုးပိုများခဲ့ပါတယ်။

ရေရှည်အနာဂတ်နှင့်ပတ်သက်ပြီး AS သို့ ပြောကြားရာတွင် လီဝန်ဒေါစကီးဟာ လိဂ်နှင့်နိုင်ငံရဲ့ပရိုဖိုင်ကို မြှင့်တင်ရန်အတွက် ကစားသမားများအတွက် ထူးထူးခြားခြားငွေကြေးများစွာသုံးစွဲခဲ့တဲ့ ဆော်ဒီပရိုလိဂ်သို့ပြောင်းရွှေ့ဖို့ စဉ်းစားရန် အကြုံပြုချက်တွေကို ငြင်းဆန်ခဲ့သလို့ MLS သို့ ပြောင်းရွှေ့ရန် အရင်က ထုတ်ဖော်ပြောကြားခဲ့ဖူးသော်လည်း အမေရိကသို့ပြောင်းရွှေ့ရန် ငြင်းဆိုထားပုံရပါတယ်။

"ကျွန်တော် ဆော်ဒီသို့ သွားဖို့တောင် မတွေးထားပါဘူး။ ကျွန်တော့် မိသားစုနဲ့အတူ ဘာစီလိုနာမြို့နဲ့ အသင်းမှာ အရမ်းပျော်ပါတယ်။ လူတစ်ယောက်အနေနဲ့လည်း ကျွန်တော် ပျော်ပါတယ်" "ကိုရိုနာဗိုင်းရပ်မဖြစ်ပွားခင်မှာ MLS သို့ပြောင်းဖို့ အတွေးအမြင်က ကျွန်တော့်ခေါင်းထဲမှာ အခိုင်အမာရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ကျွန်တော် စိတ်ပြောင်းသွားခဲ့တယ်။ ဘာစီလိုနာမှာကစားပြီးရင် အဲဒီကိုသွားဖို့ စိတ်ကူးရ ခက်ပါတယ်" လို့ ပိုလန်လက်ရွေးစင် အသင်းခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်မှာ ခြေစွမ်းပြသခဲ့သလို အဆင့်မျိုးမဟုတ်တော့သော်လည်း ဘာစီလိုနာမှာ ကောင်းမွန်နေပါသေးတယ်လို့ လီဝန်ဒေါ့စကီးက ပြောထားပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ကို အရင်ကလုပ်ဆောင်မှုနဲ့ နှိုင်းယှဉ်ကြည့်တော့ သူက "ဘာစီလိုနာသို့ မရောက်ခင် ကျွန်တော်ဟာ စက်ယန္တရားတစ်ခုလိုဖြစ်ခဲ့ပြီး အခုမှ လူသားတစ်ယောက်လို့ ဖြစ်လာခဲ့တာပါ" "ကျွန်တော် သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်နဲ့ ပတ်သက်တဲ့ မှတ်ချက်အချို့က ရူးသွပ်ဖို့ကောင်းပါတယ်။ အထူးသဖြင့် ဘိုင်ယန်မြူးနစ်မှာ တစ်ရာသီအတွင်း ၄၁ ဂိုးအထိရရှိခဲ့ပြီး ဂတ်မူလာရဲ့ ဘွန်ဒက်စ်လီဂါစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ စံချိန်တွေကို ချိုးဖျက်တာဟာ ကျွန်တော့်ရဲ့ အဓိက ပန်းတိုင်မဟုတ်တော့ပါဘူး။ အရေးအကြီးဆုံးကတော့ ကျွန်တော့်အသင်းကို ကူညီဖို့ပါပဲ။ ပွဲတွေကို အနိုင်ယူပြီး ပျော်ပျော်နေချင်ပါတယ်။ အောင်မြင်မှုရရှိချင်ပြီး ဂိုးတွေ သွင်းချင်နေသေးပေမယ့် အရင်ကလို ဇွဲမလျှော့ပါဘူး"လို့ ပြောပါတယ်။

လီဝန်ဒေါ့စကီးဟာ ၂၀၂၃-၂၄ ရာသီအတွက် တက်ကြွနေပြီး လာလီဂါ ၄ ပွဲတွင် ၂  ဂိုး သွင်းထားကာ ဘာစီလိုနာအတွက် ၁၀ မှတ်ရယူပေးထားပါတယ်။