The network connection is lost.

Banner Image

ကစားသမားသစ်အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ချီးကျူးလိုက်တဲ့ လီဗာပူးစတားဟောင်း

လီဗာပူးစတားဟောင်း ဘာဘယ်က ကွင်းလယ်လူ ဝီရက်ဇ်ဟာ လီဗာပူးရဲ့အခုနွေရာသီအကောင်းဆုံးခေါ်ယူမှုလို့ ချီးကျူးလိုက်ပါတယ်။ ဂျာမန်သားကို လီဗာပူးအသင်းဟာ ပေါင် ၁၁၆ သန်းအထိပေးချေပြီးခေါ်ယူခဲ့ရကာ အခုနွေရာသီရဲ့အကြီးမားဆုံးအပြောင်းအရွှေ့တွေထဲကတစ်ခုဖြစ်လာခဲ့ပါတယ်။ လေဗာကူဆင်အသင်းမှာ ပြိုင်ပွဲစုံ ၁၆ ဂိုးသွင်း ၊ ၁၅ ဂိုးဖန်တီးနိုင်ခဲ့ပြီးနောက် လီဗာပူးအသင်းကခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။

ဘာဘယ်က ဝီရက်ဇ်ကိုခေါ်ယူမှုဟာ ပြီးပြည့်စုံတယ်လို့ ထောက်ပြခဲ့ပြီး ယူနိုက်တက်ကိုပြောင်းခဲ့ရင်တောင် အခုနွေရာသီရဲ့အကောင်းဆုံးခေါ်ယူမှုလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ အခုချိန်မှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်ထိန်းနိုင်ဖို့ ပြင်ဆင်နေပြီး ဝီရက်ဇ်အပြင် လေဗာကူဆင်စတား ဖရင်းပေါင် နဲ့ ဘုန်းမောက်စတားဟောင်း ကာကက်ဇ်တို့ကိုလည်း ခေါ်ယူထားနိုင်ခဲ့ပါတယ်။

“ဝီရက်ဇ်အပြောင်းအရွှေ့က အခုနွေရာသီရဲ့အကောင်းဆုံးခေါ်ယူမှုပါ။ ကျွန်တော်အမြင်အရ ဒီနှစ်ရဲ့အကောင်းဆုံးအပြောင်းအရွှေ့ပါ။ ဘာလို့လဲဆိုတော့ ယူနိုက်တက်ကိုပြောင်းခဲ့ရင်တောင် ကျွန်တော်ပြောင်းလဲမှာမဟုတ်ပါဘူး။ သူက ထိပ်တန်းကစားသမားဖြစ်သလို သူ့ကိုရတဲ့အသင်းက အများကြီးအဖိုးတန်ပါတယ်။ လီဗာပူးအသင်းက အခုအပြောင်းအရွှေ့ကိုရလိုက်လို့ ဘယ်သူမှမပြောကြပါဘူး။ လူတိုင်းက သူ့ကိုဘိုင်ယန် ၊ မန်စီးတီး ဒါမှမဟုတ် ရီးရဲလ်ပြောင်းမယ်လို့ ထင်နေကြတာပါ။

ဒါပေမယ့် သူ့စိတ်ထဲမှာ လီဗာပူးထံပြောင်းဖို့ပဲ စဉ်းစားထားတာရှင်းနေပါတယ်။ စလော့အပြင် ဗန်ဒိုက် ၊ ဆာလက်တို့နဲ့အတူ တွဲကစားချင်နေတာ သေချာပါတယ်။ တကယ်လို့ လီဗာပူးမဟုတ်ပဲ ဝီရက်ဇ်လိုကစားသမားမျိုးကို အခြားအသင်းတစ်သင်းကမခေါ်ယူဘူးဆိုရင် အံ့အားသင့်မိမှာပါ။ ကျွန်တော့်အတွက် အခုအပြောင်းအရွှေ့က အကောင်းဆုံးဆိုတာ သံသယမရှိပါဘူး”လို့ ဘာဘယ်က ပြောကြားခဲ့ပါတယ်။ ဝီရက်ဇ်ဟာ လီဗာပူးအသင်းနဲ့အတူ ရာသီကြိုခရီးစဉ်တစ်လျှောက်ပြင်ဆင်နေပြီး လာမယ့်ပရက်စ်တန်နဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။