အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်တဲ့ ဗင်နီစီးယက်စ်နှင့် အလာဘာ
ရီးရဲလ်မက်ဒရစ်ဟာ မကြာသေးမီရက်သတ္တပတ်များအတွင်း သတင်းကောင်းကို အပူတပြင်းလိုအပ်နေပြီး ရိုဒရီဂို နှင့် ချူအာမီနီတို့ ပြန်လည်ပါဝင်လာပြီးနောက် ဗင်နီစီးယက်စ် နှင့် အလာဘာ တို့ကလည်း ပြန်လည်ကောင်းမွန်လာကာ အရေးကြီးသောခြေလှမ်းတစ်ရပ်ကို ပြုလုပ်နိုင်ခဲ့ကြပါတယ်။
သူတို့နှစ်ဦးစလုံးဟာ သောကြာနေ့နံနက်တွင် အဖွဲ့လိုက်လေ့ကျင့်ရေးတွင် ပါဝင်ခဲ့ကြကာ သက်ဆိုင်ရာ ပြန်လည်ကောင်းမွန်လာမှုတွင် တိုးတက်မှုတစ်ခုဖြစ်တယ်လို့ Diario AS က ပြောကြားခဲ့ပါတယ်။ ဒဏ်ရာကြောင့်နားနေခဲ့ရတဲ့ ၁ နှစ်ပြည့်ဖို့ ၁၀ ရက်အလိုမှာ အလာဘာက လှုပ်ရှားမှုများပြုလုပ်ရန် ကြိုးစားနေကာ ကျန်အသင်းသားများနှင့်လည်း ပါဝင်ခဲ့ပါတဘ်။ အနားယူချိန်ကြာမြင့်မှုနှင့် ဒဏ်ရာရဲ့ပြင်းထန်မှုတို့ကြောင့် အလာဘာအနေနဲ့ ၂၀၂၅ ခုနှစ်အထိ ပြန်မကစားနိုင်ဘူးဆိုရင်တောင် အံ့သြစရာမရှိပါဘူး။
အခြားတစ်ဖက်တွင် ဗင်နီစီးယက်စ်က လာမယ့်အပတ်မှာ ပြန်ကစားနိုင်ဖို့ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်က လီဂန်းနက်စ်နှင့် ယှဉ်ပြိုင်ကစားအပြီး ရရှိခဲ့တဲ့ဒဏ်ရာကြောင့် သုံးပတ်ကြာနားရမယ်လို့ ထင်ခဲ့ရသော်လည်း အသင်းဟာ ဒဏ်ရာရကစားသမားများအတွက် အနားယူချိန်ကို ပိုပေးလေ့ရှိတာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ အင်္ဂါနေ့ ဘာဂါမိုတွင် အတ္တလန္တာနှင့် အရေးကြီးတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အဆိုပါပွဲဟာ လာလီဂါနှစ်ပွဲဖြစ်တဲ့ ဂျီနိုအာ၊ ရေယိုဗယ်လီကာနိုတို့နှင့်ကစားရမယ့်ပွဲစဉ်များအကြားမှာ ကစားရမှာဖြစ်ပါတယ်။