The network connection is lost.

Banner Image

အနာဂတ်မှာ အသင်းဟောင်းထံပြန်လာမယ်လို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ ယူနိုက်တက်စတားဟောင်း

ယူနိုက်တက်စတားဟောင်း ဗီဒစ်က သူ့အနေနဲ့ အနာဂတ်မှာ အသင်းဟောင်းထံနည်းပြအဖြစ်ပြန်လာချင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အင်တာဗျူးတစ်ခုမှာ ဗီဒစ်က သူ့အနေနဲ့ ယူနိုက်တက်နည်းပြဖြစ်ချင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။ ဆားဘီးယားသားဟာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ် ၅ ကြိမ် ၊ ချန်ပီယံလိဂ်ဖလားတွေရယူနိုင်ခဲ့ပါတယ်။ ဗီဒစ်ရဲ့ဆန္ဒက အနည်းငယ်ဝေးကွာနေဆဲဖြစ်သလို ဘယ်အသင်းကိုမှနည်းပြဖူးခြင်းမရှိသေးတာဖြစ်ပါတယ်။

၂၀၁၆ မှာကစားသမားဘဝကနေအနားယူပြီးနောက် လက်ရှိအချိန်အထိ နည်းပြလောကထဲကို မလျှောက်လှမ်းသေးတာဖြစ်ပါတယ်။ “ကျွန်တော်တကယ်လို့နည်းပြအလုပ်လုပ်ဖြစ်ခဲ့ရင် ယူနိုက်တက်နည်းပြဖြစ်ချင်ပါတယ်။ ခက်ခဲတဲ့အရာကနေ ကောင်းတဲ့အရာကိုချိန်းတာမျိုး ကျွန်တော်ကြိုက်ပါတယ်။ ဒီအရာကလည်း ကျွန်တော်လုပ်ဆောင်ဖို့ လိုအပ်တဲ့အရာပါ။ နည်းပြဖြစ်လာဖို့အခွင့်အရေးကို ကျွန်တော်လမ်းဖွင့်ထားသလို အားကစားဒါရိုက်တာရာထူးအတွက်လည်း လမ်းဖွင့်ထားပါတယ်။ ဆားဘီးယားအသင်းဥက္ကဌအဖြစ်ညလ်း လမ်းဖွင့်ထားပါတယ်။

အဲ့တာက လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ကျွန်တော်စီစဉ်ထားတာပါ။ အဲ့တာဖြစ်မလာနိုင်ပေမယ့် အနာဂတ်မှာတော့ ဖြစ်လာနိုင်ပါတယ်။ ယေဘုယျအားဖြင့် ဘောလုံးပြင်ပမှာ ကျွန်တော်ဘာလုပ်လဲဆိုတော့ စီးပွားရေးအပြင် ကုမ္ပဏီတစ်ခုထောင်ဖို့ လုပ်ဆောင်နေပါတယ်။ အရာအားလုံးကို ကျွန်တော်လုပ်ပါတယ်။ ကျွန်တော်လုပ်နိုင်သမျှအကောင်းဆုံးလုပ်ဆောင်ပါတယ်။ စီးပွားရေးတော့ ကျွန်တော်အခုလုပ်နေပါတယ်။ အဲ့တာကိုလည်း အောင်မြင်အောင် ကြိုးစားနေပါတယ်။

ကောင်းမွန်တဲ့အစုအဖွဲ့တစ်ခု နဲ့ ကောင်းမွန်တဲ့အဆောက်အအုံတွေဆောက်လုပ်နေပါတယ်။ အဲ့တာက ကျွန်တော်ဂုဏ်ယူစွာနဲ့လျှောက်လှမ်းမယ့်အရာပါ”လို့ ဗီဒစ်က ဖြေကြားခဲ့ပါတယ်။ ဗီဒစ်ဟာ လာမယ့်ရာသီတစ်လျှောက်လုံးမှာ ယူနိုက်တက်ကိုစောင့်ကြည့်ဖွယ်ရှိနေပြီး ယူနိုက်တက်က လာမယ့်ဇူလိုင်လ ၁၉ ရက်နေ့မှာ လိဒ်ယူနိုက်တက်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။