The network connection is lost.

Banner Image

လက်မြှောက်အရှုံးပေးသွားဖို့ အစီအစဉ်မရှိသေးတဲ့ လီဗာပူးအသင်းလို့ ဗန်ဒိုက်ကြွေးကြော်

လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်က မန်စီးတီးကို ၃-၀ ဂိုးဖြင့်ရှုံးနိမ့်မှုအတွက် ဆင်ခြေပေးနိုင်မယ့် အကြောင်းအရာ မရှာဖွေနိုင်ဘူးလို့ ပြောပါတယ်။ အခုပွဲစဉ်အတွင်း ဗန်ဒိုက်ရဲ့ခေါင်းတိုက်သွင်းဂိုးကို VAR မှ လူကျွံဘောအဖြစ်သတ်မှတ်ကာ ပယ်ဖျက်ခဲ့ပေမယ့် ဒတ်ချ်ကစားသမားကတော့ ဒီအခိုက်အတန့်ကို အလှည့်အပြောင်းတစ်ခုလို့ မယူဆခဲ့ပါဘူး။

ပွဲစဉ်အပြီး ဗန်ဒိုက်က “ ဘောလုံးမှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ရှိတယ်ဆိုတာ ထင်ရှားပါတယ်။ ဒိုင်လူကြီးတွေက ဒီဆုံးဖြတ်ချက်တွေကို ချမှတ်နေပြီး ကွင်းတွင်းမှာ ပြိုင်ဘက်အသင်းနှစ်ခုလုံး ဒီဆုံးဖြတ်ချက်တွေကို ရင်ဆိုင်သွားရပါမယ်။ ကျွန်တော့်အမြင်မှာတော့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ် ဆွေးနွေးတာ အဓိပ္ပါယ်မရှိဘူးလို့ ထင်ပါတယ်။ တကယ့်အမှန်တရားက အဲ့ဒီမှာ ကျွန်တော်တို့တွေ ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒါက ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။

ပထမပိုင်းပွဲချိန်တွေမှာ အတော်ခက်ခဲခဲ့တယ်လို့ ထင်ပါတယ်။ ဘာနာဒိုဆေးလ်ဗားက နောက်အထိဆင်းပြီး ခံစစ်ပိုင်းအတွက် အကူအညီပေးခြင်းဖြင့် မန်စီးတီးက ဘောလုံးနဲ့အတူ ပိုပြီးသက်သောင့်သက်သာရှိအောင် ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါက ပြိုင်ဘက်အပေါ် ဖိအားပေးမယ့် ကျွန်တော်တို့ရဲ့ကောင်လေးတွေကို အခက်တွေ့စေပေမဲ့ အန္တရာယ်များလွန်းတယ်လို့တော့ မယူဆမိပါဘူး။ ဒိုကူက တကယ်ကောင်းမွန်လွန်းတဲ့ ပွဲကောင်းတစ်ခုကို ကစားခဲ့ပြီး တစ်ဦးချင်းရင်ဆိုင်ရချိန်တိုင်း ဘရက်ဒလေအတွက် အခက်တွေ့စေခဲ့ပါတယ်။ ကျန်တဲ့အပိုင်းတွေမှာတော့ ပြဿနာတွေ အများကြီးရှိတယ်လို့ မထင်ပါဘူး။

အမှန်ပါပဲ၊ အထူးသဖြင့် ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ကျွန်တော်တို့တွေ ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်။  ပြီးတော့ ဆုံးဖြတ်ချက်တွေနဲ့ ပယ်နယ်တီပြစ်ဒဏ်၊ ပွဲရဲ့အရှိန်အဟုန်တွေက မန်စီးတီးဆီရွေ့လျားသွားပြီး ကျွန်တော်တို့တွေ အပြင်းအထန်ကြိုးစားခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့အတွက် ဘောလုံးပိုင်ဆိုင်မှုအရှိန်အဟုန် အနည်းငယ်ပိုကောင်းလာပေမယ့် လုံလောက်တဲ့ ဖိအားပေးမှုမျိုး မလုပ်နိုင်ခဲ့ပါဘူး။

အသင်းတစ်ခုအနေနဲ့ အခုထက်ပိုကောင်းအောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့သင့်တယ်။ ပွဲမတိုင်ခင် ကျွန်တော်ပြောခဲ့သလိုပါပဲ၊ တည်ငြိမ်မှုကို ရှာဖွေပြီး ရှေ့ဆက်သွားရပါမယ်။ ကျွန်တော်တို့အတွက် ရှုံးနိမ့်မှုဆိုတာ အမြဲတမ်းလိုလို နာကျင်စေပါတယ်။ အထူးသဖြင့် ၃-၀ ဂိုးဖြင့် ရှုံးနိမ့်မှုမျိုးပေါ့။ အခုတော့ ကျွန်တော်တို့တွေ ကိုယ့်နိုင်ငံဆီ ပြန်သွားပြီး ဒီကာလအလွန်၊ နောက်ထပ်ကြီးမားတဲ့စိန်ခေါ်မှုတွေအတွက် ကြံ့ခိုင်မှုအပြည့်နဲ့ အဆင်သင့်ပြင်ထားဖို့ လိုအပ်ပါတယ်”လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဗန်ဒိုက်က “ ဆက်ကြိုးစားသွားရပါမယ်။ ဒီစကားတွေပဲပြောနေရတာ ပျင်းစရာကောင်းပေမဲ့ ဒါကသာ အရှိတရားဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ လုံးဝလက်လျှော့အရှုံးပေးမှာ မဟုတ်ပါဘူး။ အခုက နိုဝင်ဘာလပဲ ရှိသေးပြီး ကိုယ့်ရှေ့မှာစောင့်ကြိုနေတဲ့ တိုက်ပွဲကြီးတစ်ခုနဲ့ ရာသီရှည်ကြီးတစ်ခုအတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စောင့်မျှော်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာလည်း ပြီးခဲ့တဲ့ပွဲစဉ်နှစ်ခုမှာ ပြသခဲ့တဲ့စွမ်းဆောင်ရည်မျိုး ရှိနေဖို့ လိုအပ်ပါတယ်။ ဘာအာမခံချက်မှမရှိသေးလို့ ရှေ့ဆက်သွားရပါမယ်”လို့ ပြောပါတယ်။