The network connection is lost.

Banner Image

စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေရှိနေဆဲလို့ ထုတ်ဖော်ပြောကြားလာတဲ့ လီဗာပူးစတား

သတင်းတွေအရ လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်က စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေရှိနေဆဲလို့ ထုတ်ဖော်ပြောကြားလိုငက်ပါတယ်။ လီဗာပူးအသင်းစတား ၃ ဦးဖြစ်တဲ့ ဆာလက် ၊ ဗန်ဒိုက် နဲ့ အာနိုးလ်တို့ဟာ အခုရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နယ်သာလန်သားကတော့ လီဗာပူးအသင်းမှာဆက်နေနိုင်ဖို့ မျှော်လင့်နေပါတယ်။ အသင်းမှာဆက်နေဖို့ ဆန္ဒရှိနေပေမယ့် ၂ ဦး ၂ ဖက်သဘောတူညီမှုတော့ မရသေးတာဖြစ်ပါတယ်။

အခုချိန်မှာတော့ လီဗာပူးအသင်းခေါင်းဆောင်က စာချုပ်သစ်အတွက် ပြန်လည်ဆွေးနွေးနေပြီလို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ “စာချုပ်သစ်အတွက် ဆွေးနွေးနေဆဲပါ။ ဟုတ်ပါတယ်။ ကျွန်တော် အသင်းမှာဆက်နေနိုင်မလားဆိုတာ မသိသေးပါဘူး။ ဆက်လက်စောင့်ကြည့်ရမှာပါ။ နားထောင်ပါ။ အတွင်းပိုင်းထဲမှာ ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ ကျွန်တော် ဒီအသင်း နဲ့ ပရိသတ်တွေကို ချစ်ပါတယ်။ သူတို့ကလည်း ကျွန်တော့်ကိုအသင်းမှာဆက်ရှိနေစေချင်ပါတယ်။ သူတို့ကို ကျွန်တော်တို့ ဆုပေးချင်ပါတယ်။  တနင်္ဂနွေနေ့မှာ သူတို့ကို ဒီမှာရှိနေစေချင်ပါတယ်။ ကျွန်တော်တို့ အဲ့အတွက် သေချာလေးလုပ်ဆောင်ရပါမယ်”လို့ ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားရဖို့ အလားအလာကောင်းနေပြီး လာမယ့်အပတ်မှာ ဝက်စ်ဟမ်းအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။