The network connection is lost.

Banner Image

လိုင်လီခံစစ်မှူးအား ရီးရဲလ်မက်ဒရစ်နှင့်အပြိုင် ဈေးပေးခေါ်ယူမယ့် ယူနိုက်တက်

သူ့မျိုးဆက်ရဲ့ အလားအလာအရှိဆုံး ပါရမီရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ လိုင်လီနောက်ခံလူ လီနီယိုရိုကို  ရီးရဲလ်မက်ဒရစ်က ချိတ်ဆက်နေတာဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် ပြင်သစ်ဗဟိုနောက်ခံလူဟာ ယခုနွေရာသီတွင် ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေသော်လည်း ယူနိုက်တက်က သူ့ကိုခေါ်ယူနိုင်ရေးအတွက် ရေပန်းအစားဆုံးဖြစ်နေပါတယ်။ အစက ပီအက်စ်ဂျီဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အကြီးဆုံးပြိုင်ဖက်များဖြစ်သော်လည်း ဇန်နဝါရီလတွင် ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပါတယ်။

လိုင်လီဟာ ကစားသမားရဲ့စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့ဖြစ်သော်လည်း ယူရိုသန်း ၆၀ တောင်းဆိုထားကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ၎င်း၏ စာချုပ်ပါ အခြေအနေများကို သိရှိထားတာကြောင့် အပြိုင်အဆိုင်ခေါ်ယူရန် ဆန္ဒမရှိသလို ယူရိုသန်း ၄၀ ထက် ပိုပေးမှာလည်း မဟုတ်ပါဘူး။

Marca ရဲ့ အဆိုအရ ယူနိုက်တက်ဟာ လိုင်လီရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့ ဆန္ဒရှိပြီး ရီးရဲလ်မက်ဒရစ်က ယိုရိုအတွက် ကမ်းလှမ်းမှုတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ သူ့ရဲ့ ဦးစားပေးမှုက အမြဲတမ်း ရီးရဲလ်မက်ဒရစ် ဖြစ်နေပေမယ့် ယူနိုက်တက်က ယိုရိုကို အပြောင်းအရွှေ့မှာ ဆွဲဆောင်နိုင်ရင် လိုင်လီက သရဲနီတွေရဲ့ ကမ်းလှမ်းမှုကို လက်ခံမှာ သေချာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ယိုရိုနှင့် အဆက်အသွယ်ရှိထားပြီး ၎င်းအား ခေါ်ယူရန် စိတ်အားထက်သန်နေသေးသော်လည်း သူတို့အတွက် ကစားလိုပါက ပိုမိုကောင်းမွန်သောကမ်းလှမ်းမှုများကို ပယ်ချရမယ်လို့ နောက်ခံလူအား ပြောကြားထားပါတယ်။ တစ်ချိန်တည်းမှာပဲ ယိုရိုဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်က ဝင်ဘာလေမှာ ယူနိုက်တက်ရဲ့ အက်ဖ်အေဖလားရရှိမှုကို ကြည့်ရှုခဲ့ပြီးနောက် ဒါရိုက်တာများနှင့် တွေ့ဆုံခဲ့ပါတယ်။

ယိုရိုဟာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ယခုအချိန်အထိ လက်မခံသေးသော်လည်း နွေရာသီအကုန်တွင် ဆက်လက်ရှိနေဦးမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ရီးရဲလ်ဟာ လက်ရှိဘောလုံးလောကတွင် အထင်ကြီးစရာအကောင်းဆုံးပရောဂျက်ရဲ့ အားသာချက်တစ်ခုဖြစ်ပြီး အရည်အချင်းပြည့်မီတဲ့ လူငယ်အသင်းတစ်သင်းနှင့်အတူ အမ်ဘာပေကလည်း ရောက်ရှိလာပြီဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းတို့ဟာ ဥရောပတွင် အကောင်းဆုံးအသင်းဖြစ်နေပြီဟုလည်း ဆိုနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပီအက်စ်ဂျီနဲ့ ယူနိုက်တက်တို့ဟာ လစာပိုပေးမှာဖြစ်ပြီး အနည်းဆုံးတော့ ပွဲထွက်ခွင့်ပိုပေးမယ်ဆိုတာ သေချာပါတယ်။ ယိုရိုဟာ နေရာတစ်နေရာရရန် သူ့ကိုယ်သူ ကြိုးစားနိုင်သော်လည်း ဆန်တီယာဂို ဘာနေဗျူးမှာတော့ ကစားသမား ၅ ဦးရဲ့ ၄ ဦမြောက်နေရာမှာသာရှိနေမှာဖြစ်ပါတယ်။