ယူဂါတီအပြောင်းအရွှေ့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီရဲ့တောင်းဆိုမှုကို တုံ့ပြန်လိုက်တဲ့ ယူနိုက်တက်
ပြင်သစ်ကလာတဲ့သတင်းတွေအရ ယူနိုက်တက်ဟာ ယူဂါတီအတွက် ပီအက်စ်ဂျီတောင်းဆိုတဲ့ ပေါင် ၅၈ သန်းကိုပေးချေလိုခြင်းမရှိဘူးလို့ သိရပါတယ်။
ယူနိုက်တက်ဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ဘိုလော့ဂ်နာစတား ဇီကာဇီနဲ့ လိုင်လီစတား ယိုရိုတို့ကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အခုချိန်မှာတော့ ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းအတွက် ပီအက်စ်ဂျီစတား ယူဂါတီကိုခေါ်ယူဖို့ အာရုံစိုက်နေပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်မရပေမယ့်လည်း ဥရုဂွေးသား နဲ့ ယူနိုက်တက်တို့ကြား ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်သတင်းဌာန L’Equipe ရဲ့အဆိုအရ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့ကြား ပြောင်းရွှေ့ကြေးညှိမရဖြစ်နေဆဲလို့ သိရပါတယ်။
ပီအက်စ်ဂျီဘက်က ယူဂါတီအတွက် ပေါင် ၅၈ သန်းအထိ တောင်းဆိုနေပေမယ့် ယူနိုက်တက်က အဆိုပါတန်ကြေးမျိုး မပေးချင်ဖြစ်နေပါတယ်။ ယူနိုက်တက်တာဝန်ရှိသူတွေဟာ ပီအက်စ်ဂျီဆီနေက အငှား + အပြီးသတ်ခေါ်ယူခွင့်နဲ့ ယူဂါတီကိုခေါ်ယူနိုင်ဖို့ စဉ်းစားနေပါတယ်။
ပီအက်စ်ဂျီဟာ ယူဂါတီကို ပြီးခဲ့တဲ့နှစ်တုန်းက စပို့တင်းအသင်းထံကနေ ပေါင် ၅၁ သန်းနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ ယူဂါတီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၂၇ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပါတယ်။ မေလတုန်းက အင်တာဗျူးမှာတော့ ယူဂါတီက “ကျွန်တော် အသင်းမှာဆက်နေဖို့ မျှော်လင့်ပါတယ်။ ဒီမှာနေရတာလည်း ချစ်ပါတယ်။ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
ယူဂါတီဟာ လက်ရှိမှာ အားလပ်ရက်အဖြစ် အနားယူနေပြီး မကြာခင်မှာ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရယူနိုင်ဖွယ်ရှိနေပါတယ်။