မေဆင်အတွက် မာဆေးလ်အသင်းနဲ့ ဆွေးနွေးနေတဲ့ ယူနိုက်တက်
ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်အတွက် မာဆေးလ်အသင်းနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ပြင်သစ်ကလပ်နဲ့ဆွေးနွေးတာဖြစ်ပြီး လက်ရှိမှာ မာဆေးလ်ဟာ ဒီဇာဘီကို ခန့်အပ်ထားခဲ့တာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း အင်္ဂလန်သားကို အသင်းတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။
အသက် ၂၂ နှစ်သားကို ဂျူဗင်တပ်စ် ၊ နာပိုလီ ၊ ဗလန်စီယာ ၊ ဘင်ဖီကာနဲ့ လာဇီယိုတို့ကလည်း စိတ်ဝင်စားနေပါတယ်။ နာပိုလီအသင်းကတော့ မေဆင်ကို ခေါ်ယူနိုင်ဖို့ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက အကြိုသဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် ပေါင်သန်း ၃၀ ဆိုတဲ့တန်ကြေးကြောင့် နောက်ဆုတ်ခဲ့ရတာဖြစ်ပါတယ်။
လာဇီယိုကလည်း ပြီးခဲ့တဲ့နှစ်တုန်းက မေဆင်ကို ခေါ်ယူဖို့ စဉ်းစားခဲ့သေးတာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကလည်း မေဆင်ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး မာဆေးလ်က နောက်ဆုံးချိတ်ဆက်လာတဲ့အသင်းဖြစ်ပါတယ်။
မေဆင်တစ်ယောက် ယူနိုက်တက်အတွက် နောက်ဆုံးကစားပေးခဲ့တာက ၂၀၂၂ ဇန်နဝါရီတုန်းကဖြစ်ပြီး နောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာစွပ်စွဲခံရမှုကြောင့် ကစားခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။ ယူနိုက်တက်ဘက်က အမှုပြန်လည်လွတ်မြောက်လာချိန်မှာ အသင်းထံပြန်လည် ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် အသင်းပရိသတ်တွေရဲ့ဖိအားကြောင့် ဂီတာဖေးအသင်းထံ အငှားချခဲ့ရပါတယ်။ မေဆင်နဲ့ ယူနိုက်တက်တို့ကြား စာချုပ်သက်တမ်းက လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။