The network connection is lost.
ယူနိုက်တက်အရန်ဂိုးသမား ဘာယင်ဒရာတစ်ယောက် ကြွက်သားဒဏ်ရာကြောင့် လီဗာပူးအသင်းနဲ့အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲကို လွဲချော်မယ်လို့ သိရပါတယ်။ တွမ်ဟီတန်ကတော့ အခုအပတ်မှာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ကာ အသေးစားဒဏ်ရာကြောင့် ၈ ပွဲလောက်လွဲချော်ခဲ့ပါတယ်။
ဘာယင်ဒရာဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ယူနိုက်တက်ကို ပြောင်းလာခဲ့တာဖြစ်ပြီး နယူးပို့တ်အသင်းနဲ့ အက်ဖ်အေဖလားပွဲမှာ တစ်ပွဲသာ ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။ အခုလည်းဒဏ်ရာကြောင့် လီဗာပူးနဲ့ကန်မယ့်ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။
အီဗန်လည်း အခုအပတ်လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပြီး ဒဏ်ရာကြောင့် အနားယူဖို့ အချိန်လိုအပ်နေသေးတာဖြစ်ပါတယ်။ အီဗန်ဟာ ပြီးခဲ့တဲ့ မန်စီးတီး ၊ အဲဗာတန်နဲ့ပွဲတွေကို ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က မက်ဂွါရီတစ်ယောက် ကြာသပတေးနေ့တုန်းက လေ့ကျင့်ခန်းပြန်ဆင်းပြီလို့ အတည်ပြုခဲ့ပါတယ်။
မန်ချက်စတာညနေခင်းသတင်းဌာနကတော့ မက်ဂွါရီဟာ အီဗန်နေရာမှာ အစားဝင်မယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒိန်းမတ်နည်းပြ ဟာဂျယ်မန်းကလည်း ဟွိုက်လန်းတစ်ယောက် ဒဏ်ရာပြဿနာရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
တန်ဟက်ကတော့ သတင်းစာရှင်းပွဲမှာ ဟွိုက်လန်းအခြေအနေနဲ့ပတ်သက်ပြီး “ရက်စ်မက်တစ်ယောက် လီဗာပူးနဲ့ပွဲမှာ ပါဝင်ကစားပါလိမ့်မယ်။ သူအဆင်ပြေနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဒိန်းမတ်နည်းပြကလည်း သူတို့အနေနဲ့ ယူနိုက်တက်နဲ့အချိတ်အဆက်အမြဲရှိတယ်လို့ ပြောကြားခဲ့သလို တန်ဟက်နဲ့လည်း စကားပြောဆိုမှုတွေရှိတယ်လို့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။