The network connection is lost.

Banner Image

ယူဂါတီကိုခေါ်ယူဖို့ နီးစပ်နေပေမယ့် အာဆင်နယ်ပစ်မှတ်ကို စာရင်းထဲထည့်ထားတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ ကက်စ်မဲရိုးကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး သူ့နေရာမှာ ပီအက်စ်ဂျီစတား ယူဂါတီနဲ့အစားထိုးဖို့ ပြင်ဆင်နေပါတယ်။

ယူနိုက်တက်ဟာ ပီအက်စ်ဂျီစတားနဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီးဖြစ်ကာ ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့ပဲကျန်တော့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်ဘက်က ပီအက်စ်ဂျီနဲ့အဆင်မပြေခဲ့ရင် အာဆင်နယ်စတား ဇူဘီမန်ဒီနဲ့အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဆာဂျင်မီလက်အောက်မှာ ယူနိုက်တက်ရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေဟာ အလျင်အမြန်တိုးတက်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက်ဟာ ဇီကာဇီး နဲ့ ယိုရိုတို့ကိုခေါ်ယူထားပြီးဖြစ်ကာ ယူဂါတီ ဒါမှမဟုတ် ဇူဘီမန်ဒီကို ခေါ်ယူဖို့လည်း ပြင်ဆင်နေပါတယ်။

ဇူဘီမန်ဒီ နဲ့ ဆိုစီဒက်တို့ကြားစာချုပ်သက်တမ်းက ၂၀၂၇ အထိ ကျန်ရှိနေတာဖြစ်ပြီး အာဆင်နယ်အသင်းထံပြောင်းရွှေ့ဖို့တော့ ငြင်းဆန်ထားတာဖြစ်ပါတယ်။

ဇူဘီမန်ဒီဟာ အခုနွေရာသီမှာ စပိန်အသင်းကို ယူရိုဖလားရအောင် ကူညီပေးထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ကွင်းလယ်ပိုင်းနေရာအတွက် အလွတ်နဲ့ရနိုင်မယ့် ရာဘီအော့ကိုလည်း စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက်ပရိသတ်တွေကတော့ ယူဂါတီအပြောင်းအရွှေ့ကို စောင့်ဆိုင်းနေကြပြီး ပီအက်စ်ဂျီ နဲ့ ပြောင်းရွှေ့ကြေးတော့ သဘောတူညီမှုမရသေးတာဖြစ်ပါတယ်။

အဆိုပါဥရုဂွေးသားကို ဘိုင်ယန်ကလည်း စိတ်ဝင်စားနေပြီး စာချုပ်သက်တမ်းက ၂၀၂၈ အထိ ကျန်ရှိနေပါတယ်။