The network connection is lost.

Banner Image

စောဒဂတက်မှုတွေကြောင့် စပိန်ကွင်းလယ်ဒိုင် ၂ ဦးကို အိမ်ပြန်လွှတ်လိုက်တဲ့ ယူအီးအက်ဖ်အေ

ယူရို ၂၀၂၄ မှာ စောဒဂတက်မှုတွေရှိခဲ့တာကြောင့် ယူအီးအက်ဖ်အေက စပိန်ကွင်းလယ်ဒိုင် ၂ ဦးကို အိမ်ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက ဟန်ဂေရီကို ၁-၀ နဲ့အရေးနိမ့်ခဲ့တဲ့ ပွဲမှာ စကော့တလန်ကို ပင်နယ်တီမပေးခဲ့တဲ့ VAR ဒိုင် ဟာနန်ဒက်ဇ်အပြင် ပြင်သစ်က သြစတြီးယားကို ၁-ဝနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အမှားများခဲ့တဲ့ မန်ဇာနိုတို့ဟာ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

မန်ဇာနိုရဲ့လက်ထောက် ၂ ဦးဖြစ်တဲ့ ဒီယေဂိုနဲ့ နီဗာဒိုတို့ကို ယူအီးအက်ဖ်အေက အိမ်ပြန်လွှတ်ခဲ့ပြီး မာတီနက်ဇ်က VAR ဒိုင်အဖြစ် ဆက်လက်တာဝန်ယူမှာဖြစ်ပါတယ်။ အုပ်စုအဆင့်ပြီးနောက် တရားဝင်ဒိုင် ၅ ယောက်ထဲက ၄ ယောက်ကို အိမ်ပြန်လွှတ်ခဲ့ပြီးနောက် ဒိုင်ဟောင်း ဂွန်ဇာလက်ဇ်က စပိန်ဘောလုံးအဖွဲ့ချုပ်ကို ဒိုင်တွေရဲ့အရည်အချင်းမြှင့်တင်ဖို့ ပြောကြားခဲ့ပါတယ်။

“စပိန်ဒိုင်ကော်မတီအနေနဲ့ အခုကိစ္စကို အလျင်အမြန်ဖြေရှင်းဖို့ လိုအပ်ပါတယ်”လို့ ဂွန်ဇာလက်ဇ်က ပြောကြားခဲ့ပါတယ်။ သတင်းတွေအရ စကော့တလန် နဲ့ ဟန်ဂေရီပွဲမှာ စကော့တလန်ရဲ့ပင်နယ်တီကို ငြင်းဆန်ခဲ့တဲ့  အာဂျင်တီးနားဒိုင် တယ်လိုကိုလည်း ယူအီးအက်ဖ်အေဘက်က ဆိုင်းငံ့ထားခဲ့ပေမယ့် အခုချိန်မှာတော့ စနေနေ့မှာကန်မယ့် အီတလီနဲ့ ဆွစ်ဇာလန်ပွဲမှာ ပြန်လည်ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ စကော့တလန်နည်းပြ ကလက်ခ်ကတော့ အဆိုပါပင်နယ်တီကိုလျစ်လျူရှုခဲ့တဲ့အတွက် ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။ တယ်လိုဘက်က လျစ်လျူရှုခဲ့ပေမယ့် VAR ဒိုင်က ပြန်လည်ကြည့်ရှုပြီး ကွင်းလယ်ဒိုင်ကို ထပ်မံကြည့်ရှုဖို့ အကြံမပေးခဲ့ဘူးလို့ သိရပါတယ်။

“ယူအီးအက်ဖ်အေလိုပြိုင်ပွဲမှာ ဥရောပဒိုင်တွေရဲ့အရည်အချင်းက ပိုေကောင်းသင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဥရောပ VAR ရှိနေပါတယ်။ ဒိုင်တွေက အချို့ဖြစ်ရပ်တွေမမြင်ရင်တောင် VAR က ပြန်လည်ကြည့်ရှုဖို့ လုပ်ဆောင်ရမှာပါ။ အဲ့တာက ပင်နယ်တီဆိုတာရှင်းလင်းနေပါတယ်။ လုံး၀ ၁၀၀% ပင်နယ်တီပါ။ ဒါဘာကြောင့် ပင်နယ်တီမဟုတ်တာလဲဆိုတာ တစ်စုံတစ်ယောက်ရှင်းပြပေးပါ။ အဲ့ပင်နယ်တီပေးလိုက်မယ်ဆိုရင် ဒီညက ခြားနားတဲ့ညတစ်ညဖြစ်မှာပါ။ ကွျွန်တော့်မှာ အခြားစကားလုံးတွေရှိပါတယ်။ ဒါပေမယ့် အဲ့တာကို အသုံးချမှာမဟုတ်ပါဘူး”လို့ ကလက်ခ်က ပြောကြားခဲ့ပါတယ်။

ပြင်သစ်နဲ့ပွဲမှာလည်း ထောင့်ကန်ဘောမပေးခဲ့တာကြောင့် နည်းပြ ရန်နစ်တစ်ယောက် ကွင်းလယ်ဒိုင် မာဇာနိုကို ဒေါသထွက်ခဲ့သေးတာဖြစ်ပါတယ်။