The network connection is lost.

Banner Image

အင်္ဂလန် အသင်းခေါင်းဆောင် ကိန်းနဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားလိုက်တဲ့ အာနိုးလ်

ယူရိုပြိုင်ပွဲမှာ ၂ ဂိုးပဲ သွင်းယူနိုင်ခဲ့တဲ့ ကိန်းကတော့ အသင်းအတွက် အကျိုးပြုနိုင်မှုနဲ့ပတ်သက်ပြီး မေးခွန်းအထုတ်ခံနေရပါတယ်။

ဘိုင်ယန်စတားဟာ ဂျာမန်မြေမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပေမယ့် အင်္ဂလန်အသင်းမှာတော့ ရုန်းကန်နေရပြီး အချို့တွေကတော့ ကိန်းကို လူစာရင်းကနေ ထုတ်ပယ်ဖို့ ပြောဆိုနေကြပါတယ်။  ဒါပေမယ့်လည်း အာနိုးလ်ကတော့ အသင်းခေါင်းဆောင် ကိန်းနဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားခဲ့သလို အကောင်းဆုံးတိုက်စစ်မှူးလို့ ချီးကျူးခဲ့ပါတယ်။ ကိန်းဟာ အင်္ဂလန်အသင်းအတွက် နိုင်ငံသွင်းဂိုး ၆၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး အင်္ဂလိပ်သမိုင်းတစ်လျှောက်ဂိုးသွင်း အများဆုံးအဖြစ် ရပ်တည်နေပါတယ်။

“အင်္ဂလန်အသင်းအတွက် ကိန်းကို ထည့်မကစားစေချင်တဲ့သူတွေရှိနေပါတယ်။ ကျွန်တော်တို့ အင်္ဂလန်အသင်းရဲ့စံချိန်တင်ဂိုးသွင်းရှင်အကြောင်းပြောနေတာပါ။ သူက ပြိုင်ဘက်နောက်တန်းကို ခြိမ်းခြောက်နိုင်တယ်ဆိုတာ ခင်ဗျားတို့သိပါတယ်။ ပြိုင်ဘက်ဧရိယာအတွင်းကော အပြင်မှာပါ ဘာမဆိုလုပ်ပြနိုင်ပါတယ်။ သူက ဘယ်ရှုထောင့်ကနေမဆို ဂိုးသွင်းနိုင်ပါတယ်။ ကျွန်တော် အမြဲပြောသလို သူက ကျွန်တော်မြင်ဖူးသမျှနဲ့ တွဲကစားဖူးသမျှထဲမှာ အကောင်းဆုံးတိုက်စစ်မှူးပါ။ ဘယ်နေရာကနေမဆို သူဂိုးကိုရှာဖွေနိုင်ပါတယ်။ သူက နောက်တန်းအထိဆင်းပြီး ချိတ်ဆက်စားကစားနိုင်သလို ကစားကွက်တည်ဆောက်မှုအပိုင်းမှာလည်း ပါဝင်စီးမျောနိုင်ပါတယ်။ ဘယ်နေရာမှာမဆို ပါဝင်နိုင်တဲ့ တကယ့်အံ့ဖွယ်ကစားသမားပါ”လို့ အာနိုးလ်က ပြောကြားခဲ့ပါတယ်။

အင်္ဂလန်ဟာ ဆီမီးဖိုင်နယ်မှာ နယ်သာလန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဗန်ဒိုက်နဲ့ တစ်ကျော့ပြန်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အာနိုးလ်က အသင်းဖော်ဖြစ်သူရဲ့အားနည်းချက်ကို အသုံးချနိုင်အောင် ကိန်းကို အနည်းငယ်ကူညီပေးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

“သူ့မှာ အရည်အချင်းကောင်းတွေရှိနေပြီး ဘယ်သူမဆို သူကစားတာကို ကြည့်ချင်ပါတယ်။ ကလပ်အသင်းအတွက်ကော နိုင်ငံအသင်းအတွက်ပါ သူက တကယ်ကောင်းတဲ့ ကစားသမားပါ။ ကျွန်တော်တို့တိုက်စစ်ကစားသမားတွေကို ဘယ်လောက်အထိ ကူညီနိုင်မလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သူက ကျွန်တော်တို့ကို ဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်”လို့ အာနိုးလ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဖိုင်နယ်နဲ့ထိုက်တန်တယ်ဆိုတာကို လာမယ့်နယ်သာလန်နဲ့ပွဲမှာ ပြသဖို့ လိုအပ်နေပါတယ်။ အာနိုးလ်ကလည်း ကိန်းနဲ့ အသင်းဖော်တွေကို အားပေးထောက်ခံဖို့ ပြောကြားခဲ့ပါတယ်။ ကိန်းအတွက်တော့ ယူရိုဖလား ကိုင်မြှောက်နိုင်ဖို့ ၂ ပွဲသာ လိုအပ်တော့တာဖြစ်ပါတယ်။