
ယူနိုက်တက်စတားအနေနဲ့ တကယ်ကြိုးစားနေကြောင်း အာမိုရင် ဝန်ခံပြောကြား
ယူနိုက်တက်နည်းပြ အာမိုရင်ဟာ တိုက်စစ်မှူး ဟွိုက်လန်းတစ်ယောက် ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ဖို့ တကယ်ကြိုးစားနေတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဟွိုက်လန်းတစ်ယောက် ၂၀၂၃ တုန်းက အတ္တလန္တာကနေပြောင်းလာပြီးကတည်းက ရုန်းကန်နေရတာဖြစ်ပြီး ပရီးမီးယားလိဂ် ၂၈ ပွဲမှာ ၃ ဂိုးသာသွင်းယူနိုင်ခဲ့ကာ ဝုဗ်ကို ၁-၀ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း ထပ်မံရုန်းကန်ခဲ့ရပါတယ်။
အဆိုပါအခြေအနေတွေကြောင့် ယူနိုက်တက်ဟာ ဟွိုက်လန်းကိုပြန်လည်ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်နည်းပြ အာမိုရင်က ဟွိုက်လန်းဘက်ကနေ ထောက်ခံပြောကြားခဲ့ပါတယ်။ “တိုက်စစ်မှူးတစ်ဦးက ဂိုးတွေလိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သူ့ကိုကူညီဖို့လိုအပ်ပါတယ်။ သူက တကယ်ကြိုးစားနေသလို ဂိုးပေါက်ပျောက်နေတာကိုလည်း အဆုံးသတ်ချင်နေပါတယ်။
ဝုဗ်နဲ့ပွဲမှာ အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမယ့် အသေးစားလေးတွေတိုးတက်ဖို့ လိုအပ်နေဆဲပါ။ ဂိုးတွေတော့ မကြာခင်ရလာတော့မှာပါ”လို့ အာမိုရင်က ဖြေကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ အဆိုပါရလဒ်ကို အလျင်အမြန်ရုန်းထနိုင်ဖို့ လိုအပ်နေပြီး လာမယ့်တနင်္ဂနွေနေ့မှာ ဘုန်းမောက်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲ့နောက် ယူနိုက်တက်အနေနဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့အဖြစ် ဘီလ်ဘာအိုအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။