The network connection is lost.

Banner Image

လီဗာပူးနဲ့ ကစားမယ့် ပွဲစဉ်မတိုင်ခင် ဗန်ဒိုက်ကို ချီးကျူးပြောဆိုလိုက်တဲ့ တော့တင်ဟမ် နောက်ခံလူ

တော့တင်ဟမ်နောက်ခံလူ မစ်ကီ ဗန်ဒီဗန်က ၎င်းရဲ့နယ်သာလန်လက်ရွေးစင်အသင်းဖော် လီဗာပူးနောက်ခံလူ ဗန်ဒိုက်ကို ထိပ်တိုက်တွေဆုံဖို့ ရက်ပိုင်းအလိုမှာ ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

ယခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ တော့တင်တမ်အသင်းဟာ မန်ချက်စတာစီးတီး၊ အာဆင်နယ်၊ လီဗာပူးတို့နဲ့အပြိုင် လက်ရှိကစားပြီးတဲ့ ၆ ပွဲမှာ ရှုံးပွဲမရှိကစားထားနိုင်တဲ့ အသင်းအဖြစ်ရပ်တည်နေသလို လီဗာပူးကလည်း ၆ ပွဲမှာ ၅ ပွဲအထိအနိုင်ရရှိထာပြီး တစ်ပွဲသာ သရေကျထားတာဖြစ်ပါတယ်။

ပိုစတီကိုဂလူရဲ့ဦးဆောင်မှုနဲ့ အတူ တော့တင်ဟမ်ဟာ ယခုရာသီမှာ ၁၄ မှတ်အထိစုဆောင်းထားနိုင်ပြီး  လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။ လီဗာပူးကလည်း ရာသီအဖွင့် ပွဲစဉ်မှာ ချဲလ်ဆီးကို ၂-၂ နဲ့သရေကျပြီးကတည်းက နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲရရှိထားပါတယ်။

ယခုအခါ တော့တင်ဟမ် ဗဟိုခံစစ်မှူး ဗန်ဒီဗန်က လီဗာပူးနဲ့ ရင်ဆိုင်ရန် အသင့်ရှိနေကြောင်းနဲ့ ပြိုင်ဘက်အဖြစ် မြင်တွေ့ရမယ့် နယ်သာလန်နောက်ခံလူ ဗန်ဒိုက်ခ်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နောက်ခံလူက “ပရိသတ်တွေကို ကွင်းထဲမှာ ပြန်တွေ့ရဖို့ မျှော်လင့်နေပြီး ပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို့ယုံကြည်ပါတယ်။ ကျွန်တော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကောင်းဆုံးကစားသွားမှာဖြစ်ပြီး လီဗာပူးကို ရှိန်နေမှာမဟုတ်ပါဘူး။ ဗန်ဒိုက်ခ်က ပြီးခဲ့တဲ့ နှစ်တွေကတည်းကအကောင်းဆုံးနောက်ခံလူတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သလို ဒီနှစ်မှာလည်း ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး နောက်ခံလူတစ်ယောက်ဖြစ်နေဦးမယ်ဆိုတာ သေချာပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “သူတို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ နှစ်က တကယ်ကို မယုံနိုင်စရာကောင်းလောက်အောင် ကောင်းမွန်ခဲ့ကြပြီး ဗန်ဒိုက်ကလည်း လီဗာပူးအတွက် ဘယ်လောက်အရေးပါလဲဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ဗဟို နောက်ခံလူတွေထဲက တစ်ဦးဖြစ်လာဖို့က ကျွန်တော့်ရဲ့အိပ်မက်ပါ။ ဒါတွေမယ့် ကျွန်တော်က အခုမှ အစပဲရှိသေးတာဆိုတော့ အိပ်မက်တွေအကောင်အထည်ပေါ်ဖို့ ဘယ်လောက်ထိကြာဦးမလဲဆိုတာ မသိသေးပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ရည်မှန်းချက်ကို ဖြစ်မြောက်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီကမှ တော့တင်ဟမ်သို့ ကြေးကြီးကြီးနဲ့ရောက်လာခဲ့တဲ့ ဗန်ဒီဗင်ဟာ အထင်ကြီးလောက်စရာခြေစွမ်းတွေကို ပြသထားနိုင်ပြီး နည်းပြသစ် ပိုစတီကိုဂလူရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အသင်းရဲ့အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ဘိုင်ယန်မြူးနစ်ထံဆုံးရှုံးလိုက်ရသော်လည်း ပိုစတီကိုဂလူဟာ အသင်းရဲ့ တိုက်စစ်ကို ပြောင်းလဲမှုတွေပြုလုပ်ပြီး သွင်းဂိုးတွေရယူထားနိုင်သလို ခံစစ်ကိုလည်း အတတ်နိုင်ဆုံး ကျစ်လျစ်အောင် တည်ဆောက်ထားနိုင်တာဖြစ်ပါတယ်။

ဆက်လက်ပြီး ဗန်ဒီဗန်က “တော့တင်ဟမ်ကို မရောက်ခင် ကျွန်တော်မြင်ခဲ့ရတာက လူတွေက ဒီအသင်းနဲ့ပတ်သက်ပြီး တော်တော်အဆိုးမြင်ကြပါတယ်။ တစ်ရာသီကို ဂိုး ၃၀ ကျော်လောက်သွင်းနေတဲ့ ဟယ်ရီကိန်း ထွက်ခွာသွားလို့ အသင်းကို အားနည်းသွားပြီလို့ ထင်နေကြပါတယ်။  ဟုတ်ပါတယ် ကိန်းက တကယ်ကို အံ့ဩစရာကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော်တို့အသင်းက အားမနည်းဘူးဆိုတာကို သက်သေပြသွားမှာပါ။ ကျွန်တော်တို့အခု အကောင်းဆုံးလုပ်နေပါတယ်။ ဒါပေမယ့် ဒါကအစပဲရှိပါသေးတယ်။ ကျွန်တော်တို့ ဆက်လက်တွန်းအားပေးသွားမှာပါ။ ရာသီကုန် ဘယ်အဆင့်မှာရပ်တည်မလဲဆိုတာ ကြိုမသိပေမယ့် တတ်နိုင်သလောက် အကောင်းဆုံး အဆင့်မှာရပ်တည်နိုင်ဖို့ ကြိုးစားသွားမှာပါ” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။