
တိုက်စစ်မှူးဟောင်းပြန်လာဖို့ဆွေးနွေးနေချိန်မှာပဲ ပေါင်သန်း ၁၀၀ ရရှိလိုက်တဲ့ တော့တင်ဟမ်
တော့တင်ဟမ်အသင်းဟာ ဘီလျံနာပိုင်ရှင်လူးဝစ်မိသားစုထံကနေ ပေါင်သန်း ၁၀၀ ငွေသားရရှိလိုက်တယ်လို့ သိရပါတယ်။ အလားအလာရှိတဲ့ဆက်ခံသူအတွက် တီးတိုးပြောဆိုခဲ့ပြီး လပေါင်းများစွာကြာမြင့်ပြီးနောက် တော့တင်ဟမ်ဟာ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
ဘဏ္ဍာရေးတိုးမြှင့်လာမှုနဲ့အတူ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ တော့တင်ဟမ်ဟာ နည်းပြသစ် သောမက်စ်ဖရန့်ခ်လက်အောက်မှာ ၁၁ ပွဲကစားပြီးချိန် ၁ ပွဲပဲအရေးနိမ့်ထားကာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ပေါင်သန်း ၁၀၀ တိုးမြှင့်လာတာက ဒီနေ့ခေတ်ဘောလုံးဈေးကွက်ထဲမှာ များပြားတဲ့ပမာဏမဟုတ်ပေမယ့် အခုလိုတိုးမြှင့်လာတာက အစဖြစ်တည်မှုလို့ တော်တော်များများက ယုံကြည်နေပါတယ်။
အဆိုပါငွေကြေးရဲ့နောက်ကွယ်မှာ လူးဝစ်မိသားစုဝင်တွေပါဝင်နေတာဖြစ်ပြီး ဗီဗီနီလူးဝစ်က တော့တင်ဟမ်အသင်းပွဲစဉ်တွေကို ပုံမှန်တက်ရောက်အားပေးလေ့ရှိတာဖြစ်ပါတယ်။ သတင်းတွေအရ မိသားစုဝင်တွေနဲ့နီးစပ်သူတစ်ဦးက “အခုငွေကြေးက ကနဦးပေါင်းထည့်မှုသာဖြစ်ပြီး အသင်းစီမံခန့်ခွဲမှုတွေမှာ အောင်မြင်လာဖို့အတွက် နောက်ထပ်ငွေကြေးတွေလည်း ရရှိလာနိုင်တယ်လို့ ဆိုပါတယ်။ လူးဝစ်မိသားစုဟာ အသင်းအောင်မြင်ဖို့အတွက် အပြည့်အဝထောက်ပံ့ပေးမှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။
ကြာသပတေးနေ့က အသင်းဘက်ကကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ တော့တင်ဟမ်က အသင်းရဲ့ငွေကြေးအင်အားတောင့်တင်းဖို့ နဲ့ ရေရှည်အသင်းအောင်မြင်ဖို့အတွက် ဦးဆောင်နိုင်ဖို့ရာမှာ တူညီစွာလုပ်ဆောင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ တော့တင်ဟမ်အသင်းရဲ့အလုပ်အမှုဆောင်မဟုတ်တဲ့ ပီတာကာရင်တန်ကတော့ “ကျွန်တော်လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့လက်ရှိမှာ အသင်းရဲ့တည်ငြိမ်မှု နဲ့ အသင်းရည်မှန်းချက်တွေအတွက် ကိုင်တွယ်ပုံတွေကို အာရုံစိုက်နေပါတယ်။
အနာဂတ်အတွက် လူးဝစ်မိသားစုက ရည်မှန်းချက်ရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီနေ့မှ အဲ့ရည်မှန်းချက်ကို အတည်ပြုတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာပါ။ ကျွန်တော် အခုလိုသူတို့ရဲ့လုပ်ဆောင်မှုအတွက် ကျေးဇူးတင်ချင်ပါတယ်။ကျွန်တော်တို့ ဆက်လက်ပြီးလည်း အသင်းအတွက် အကောင်းဆုံးနည်းလမ်းတွေနဲ့အတူ အရာအားလုံးလုပ်ဆောင်သွားမှာပါ”လို့ ဖြေကြားခဲ့ပါတယ်။
ငွေကြေးတိုးမြှင့်လာမှုအပြင် နည်းပြ ဖရန့်ခ်ကလည်း တော့တင်ဟမ်ကို အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းအဖြစ် ပုံစံပြောင်းနေပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးဟောင်း ကိန်းကိုလည်းပြန်လည်ခေါ်ယူဖို့ ဆွေးနွေးမှုတွေရှိနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ တော့တင်ဟမ်ဟာ လာမယ့်အောက်တိုဘာရက်သတ္တပတ်မှာ ဗီလာ ၊ မိုနာကိုတိုနဲ့ကန်ရမှာဖြစ်ပြီး လူးဝစ်မိသားစုရဲ့ထောက်ပံ့မှုနဲ့အတူ လာမယ့်ဇန်နဝါရီမှာ ကြီးမားတဲ့အပြောင်းအရွှေ့တစ်ခုပြုလုပ်ဖွယ်ရှိနေပါတယ်။