The network connection is lost.

Banner Image

စပိန်နဲ့ပွဲစဉ်မှာ ပင်နယ်တီမပေးခဲ့တဲ့ ကွင်းလယ်ဒိုင် အန်တိုနီတေလာအပေါ် ပြစ်တင်ဝေဖန်လိုက်တဲ့ တိုနီခရူးစ်

တိုနီခရူးစ်က ယူရို၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်အတွင်း စပိန်နောက်ခံလူ ကူကူရယ်လာရဲ့လက်ထိဘောကို ပင်နယ်တီမသတ်မှတ်ပေးခဲ့တဲ့ ကွင်းလယ်ဒိုင် အန်တိုနီတေလာအပေါ် ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။ ယူရို၂၀၂၄ရဲ့အကောင်းဆုံးပွဲစဉ်အဖြစ် စပိန်နဲ့ ဂျာမနီတို့ စတုဂတ်မှာ ရင်ဆိုင်ကစားခဲ့ကြရာမှာ အချိန်ပို မိနစ်၁၀၀မှာ နောက်ခံလူ ကူကူရယ်လာ လက်ထိခဲ့ပေမယ့် အန်တိုနီတေလာက ပင်နယ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဒီလက်ထိဘောကို VARက ပင်နယ်တီအဖြစ် သတ်မှတ်မပေးခဲ့ခြင်းဟာ မတော်တဆ လက်ထိခဲ့ခြင်းကြောင့်သာဖြစ်တယ်လို့ ယူအီးအက်ဖ်အေ ဒိုင်အကြီးအကဲ ရောဘတ်တိုရိုဆက်တီက ဖြေရှင်းခဲ့ပါတယ်။ ဒါပေမယ့် ခရူးစ်ကတော့ ဒီလက်ထိဘောကို ပင်နယ်တီမပေးခဲ့ခြင်း အကြောင်းအရင်းကို သိထားကြောင်း ပြောခဲ့ပါတယ်။

ခရူးစ်က "ကျွန်တော် ဒီလိုပြောဖို့ စောင့်နေတာကြာပါပြီ။ ကျွန်တော် အခုပြောရပါတော့မယ်။ ကျွန်တော် အဲ့ဒီလက်ထိဘောကို ပွဲအတွင်းမှာတော့ အများကြီး မမြင်လိုက်ပါဘူး။ ဒီလိုရှင်းလင်းတဲ့ လက်ထိဘောကို ကောင်းကောင်းမြင်နိုင်တဲ့ အခြေအနေမှာ ရှိမနေခဲ့ပါဘူး။ အဲ့ဒီအချိန်မှာ ကိုယ်တိုင် မဆုံးဖြတ်နိုင်သေးတာကြောင့် ဒိုင်ကို စိတ်ဆိုးစရာအကြောင်းမရှိသေးပါဘူး။ အဲ့ဒီနောက် ကျွန်တော် ကွင်းလယ်ဒိုင်ကို လိုက်ကြည့်မိပါတယ်။ သူ အဲ့ဒီအဖြစ်အပျက်ကို ကြည့်ကိုမကြည့်တာ၊ ဒါမှမဟုတ် VARကို လက်ထိဘောမဟုတ်လို့ ကြည့်စရာမလိုဘူးဆိုပြီး ပြောလိုက်တာမျိုးဖြစ်မှာပါ။ အဲ့ဒါကို ကျွန်တော် ပွဲပြီးမှာမြင်လိုက်လို့လည်း ပေါက်ကွဲရတာပါ။ သူ အဲ့ဒါကို အနည်းဆုံးတော့ ပြန်ကြည့်သင့်ပေမယ့် ပြန်ကြည့်လိုက်ရင် ပင်နယ်တီပေးရနိုင်တာကို သိနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုပွဲမျိုးမှာ ပင်နယ်တီမပေးချင်တာမျိုး သူ့စိတ်ထဲရှိနေမယ်လို့ ခံစားရပါတယ်။ ဒိုင်တွေကလည်း ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာ လုံးဝမသိတဲ့ပုံမျိုးပါ။ ဒီလိုဂိုးမျိုးက အရမ်းအရေးကြီးတာကြောင့် ပိုပြီးနာကျင်ရပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ဒါကိုလက်ခံလိုက်ရုံပဲ တတ်နိုင်ပါတယ်"လို့ ပြောခဲ့ပါတယ်။