The network connection is lost.

Banner Image

တော့တင်ဟမ်သို့ပြောင်းရွှေ့ခဲ့ပြီးနောက် ပျော်စရာတွေပြန်လာပြီလို့ ပြောကြားလိုက်တဲ့ တီမိုဝါနာ

တော့တင်ဟမ်တောင်ပံကစားသမား ဝါနာက ဇန်နဝါရီတွင် လိုက်ပ်ဇစ်မှ အငှားဖြင့် ပြောင်းရွှေ့လာခြင်းဟာ ပျော်ရွှင်စရာများ လုံးဝကိုပြန်လာခဲ့တာဖြစ်ကြောင်း သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ချဲလ်ဆီးနှင့်အတူ ကစားခဲ့တဲ့ ဝါနာဟာ လန်ဒန်သို့ ပြန်လာပြီး ကစားခဲ့တဲ့ ၅ ပွဲတွင် ဂိုးဖန်တီးမှု ၂ ကြိမ် ဖန်တီးမှု ပြုလုပ်ထားပါတယ်။
 
"ကျွန်တော် ပိုပြီးပျော်ပါတယ်။ ၅ ပွဲကစားအပြီးမှာ ပြောင်းရွှေ့မှုက ထိုက်တန်တယ်လို့ ပြောနိုင်ပါတယ်" လို့ Sky Germany သို့ ပြောကြားခဲ့ပါတယ်။
 
ပရီးမီးယားလိဂ်ရဲ့ စတုတ္ထနေရာတွင် ရပ်တည်နေတဲ့ တော့တင်ဟမ်ဟာ နွေရာသီတွင် အငှားစာချုပ်သက်တမ်းကုန်ဆုံးမယ့် ဝါနာကို ယူရိုသန်း ၂၀ (ပေါင် ၁၇ သန်း) ဖြင့်ခေါ်ယူခွင့်ရှိနေတာဖြစ်ပါတယ်။ ဝါနာက လိုက်ပ်ဇစ်သို့ ပြန်သွားရန် မဖြစ်နိုင်ကြောင်း အကြံပြုပြောကြားခဲ့ပြီး သူ့အနေနဲ့ နည်းပြမာကိုရို့စ်နှင့် ဆွေးနွေးမှုအနည်းငယ်သာရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
 
"လက်ရှိရာသီရဲ့ ပထမရာသီဝက်အတွင်းမှာ နည်းပြက ကျွန်တော့်အပေါ် ဘယ်လိုထင်မြင်ခဲ့သလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိခဲ့ရပါတယ်။ ဒါကြောင့် ဒီအဆင့်ကို လှမ်းရတာ လွယ်ပါတယ်"လို့ သူက ပြောပါတယ်။ တိုက်စစ်မှူးဟာ လိုက်ပ်ဇစ်အတွက် ၁၅၇ ပွဲကစား ၉၃ ဂိုးသွင်း ဂိုးဖန်တီးမှု ၄၀ ပြုလုပ်ခဲ့ပြီးနောက် ချဲလ်ဆီးသို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
 
ချဲလ်ဆီးနှင့်အတူ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပေမယ့် စတန်းဖို့ဒ်ဘရစ်ချ်မှာ သူ့ရဲ့ပုံစံကောင်းကို ပြန်လည်ရယူနိုင်ခြင်းမရှိခဲ့ဘဲ ၈၉ ပွဲကစား ၂၃ ဂိုးသွင်း ဂိုးဖန်တီးမှု ၂၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဝါနာဟာ ဂျာမနီက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ယူရို ၂၀၂၄ မတိုင်မီ ပွဲချိန်ပိုရရန် ကမ်းလှမ်းမှုဖြင့် တော့တင်ဟမ်သို့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
 
သူဟာ ဂျာမနီအတွက် ၅၇ ပွဲကစားထားပြီး ၂၄ ဂိုး သွင်းထားပေမယ့် ၂၀၂၃ ခုနှစ် မတ်လကတည်းက လက်ရွေးစင်အသင်းအတွက် မကစားထားရသေးတာ ဖြစ်ပါတယ်။