ယူနိုက်တက်မှာ အငှားလာရောက်ကစားဖူးတဲ့ ဝက်ဂ်ဟော့စ်ကို ခေါ်ယူဖို့ အေဂျက်စ်အား တိုက်တွန်းလိုက်တဲ့ တင်ဘား
ယမန်နှစ်က ယူနိုက်တက်တွင် ရာသီဝက်အငှားဖြင့် ကစားခဲ့တဲ့ ဝက်ဂ်ဟော့စ်ဟာ ယခုနွေရာသီ ယူရို ၂၀၂၄ တွင် နယ်သာလန်လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါကလပ် ဟော့ဖန်ဟိမ်းအသင်းတွင် အငှားသွားရောက်ကစားခဲ့ပြီး ပွဲ ၃၀ တွင် ၇ ဂိုးသွင်းယူကာ ဘန်လေအသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း အေဂျက်စ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ပေါင် ၁၂ သန်းဖြင့် ဘန်လေ ခေါ်ယူခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။
နိုက်စ်ကွင်းလယ်လူ ရိုဆာရီယိုနှင့် ဝက်ဂ်ဟော့စ်တို့အတွက် ကမ်းလှမ်းမှုများအပေါ် မေးမြန်းတဲ့အခါ တင်ဘားက Ajax Showtime သို့ "ဒါတွေက အရမ်းကောင်းတဲ့ ခေါ်ယူမှုတွေ ဖြစ်လာမှာပါ" "ဒါဟာ အကြွင်းမဲ့ အနိုင်ရသူပါပဲ။ ဝက်ဂ်ဟော့စ်ကို အေဂျက်စ်မှာ ကောင်းကောင်းသုံးနိုင်ပါတယ်" လို့ ပြောပါတယ်။
အသင်းဟောင်းရဲ့ ဖီယင်နုကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲကို ကြည့်ရှုရန် ပြီးခဲ့တဲ့စက်တင်ဘာလက Johan Cruijff Arena သို့ ပြန်သွားတဲ့ခါ အေဂျက်စ်ရဲ့အခြေအနေကို အံ့အားသင့်မိကြောင်း ဝန်ခံခဲ့ပါတယ်။ "သိမ်မကောင်းတာကို တီဗီကနေ မြင်နေရတယ်။ အဲဒါကိုမြင်တွေ့ပြီး ခံစားကြည့်ဖို့ဆိုရင် သဘောပေါက်မှာပါ။ ကလပ်ဟာ ခဏတာ နိမ့်ကျသွားပါပြီ" လို့ တင်ဘားက ပြောပါတယ်။
တင်ဘားဟာ ပြီးခဲ့တဲ့သြဂုတ်လက ဒူးဒဏ်ရာကို ခွဲစိတ်ခဲ့မှုကြောင့် ပြင်းထန်စွာ အနှောင့်အယှက်ဖြစ်ခဲ့ရပြီး အခုချိန်မှာတော့ အာဆင်နယ်အသင်းနှင့်အတူ ရာသီသစ်အတွက် ပြင်ဆင်နေပါတယ်။ နယ်သာလန်လက်ရွေးစင်က အာဆင်နယ်မှာ နည်းပြအာတီတာအတွက် နေရာစုံမှာ ကစားနိုင်ပြီး ဘယ်နေရာပဲ ကစားရကစားရ ပျော်ပါတယ်လို့ ပြောထားပါတယ်။
"ကျွန်တော်ကစားတဲ့နေရာက ကျွန်တော့်အတွက် သိပ်အရေးမကြီးပါဘူး" "ကစားရတဲ့အခါ ကျွန်တော်ပျော်ပါတယ်။ အာဆင်နယ်အသင်းမှာ ကစားပြီး တောက်ပချင်တာကြောင့် ကျွန်တော်ရောက်လာတာပါ" လို့ တင်ဘားက ပြောပါတယ်။
ပြီးခဲ့တဲ့ရာသီက ခွဲစိတ်မှုကနေ ပြန်လည်ကောင်းမွန်လာချိန်မှာ အသင်းအတွက် ပြင်ဆင်မှုတွေလုပ်ဖို့ စိတ်အားထက်သန်ခဲ့တယ်လို့ တင်ဘားက ဖွင့်ဟပြောကြားထားပါတယ်။ "ဒါက နည်းဗျူဟာအဆင့်မှာ ဖြစ်နိုင်ပြီး အသင်းအကြောင်းကို ပိုသိဖို့ပဲလိုတာပါ" "ဒါဆိုရင် အသင်းနဲ့ တတ်နိုင်သမျှ နီးစပ်အောင် ကြိုးစားရမှာပါ။ အသင်းဖော်တွေနဲ့အတူ ညစာစားဖို့ မကြာခဏ အပြင်ထွက်ပြီး သူတို့တွေကိုတွေ့ဖို့ တူညီတဲ့ အချိန်ဇယားအတိုင်း လုပ်ခဲ့တာပါ" လို့ မေလက အဲဗာတန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ပွဲမှာ ဒုတိယပိုင်းတွင် လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်ကစားခဲ့တဲ့ တင်ဘားက ပြောပါတယ်။