The network connection is lost.

Banner Image

အာဆင်နယ်စတားလိုအဆင့်မျိုးရောက်လာတဲ့ တော့တင်ဟမ်စတားနာမည်ကို ဖရန့်ဖ် ထုတ်ဖော်ပြောကြား

တော့တင်ဟမ်နည်းပြ ဖရန့်ခ်က အသင်းစတား အာချီဂရေးဟာ အနာဂတ်မှာ ဒီကလန်ရိုက်စ် ၊ ရိုဒရီတို့လိုအဆင့်မျိုးရောက်နိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဂရေးဟာ ၂၀၂၃ - ၂၄ ရာသီတုန်းက လိဒ်ယူနိုက်တက်ထံကနေ တော့တင်ဟမ်ထံ ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး တကယ်လို့ စနေနေ့မှာအရွေးချယ်ခံရမယ်ဆိုရင် အသင်းအတွက် ၅၂ ပွဲမြောက်ကို ပါဝင်ကစားပေးမှာဖြစ်ပါတယ်။

အသက် ၁၉ နှစ်သားဟာ လိဒ်ယူနိုက်တက်အတွက် ၅၂ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပြီး တော့တင်ဟမ်ကိုမပြောင်းခင် ဖရန့်ခ်တစ်ယောက် ဘရန့်ဖို့ဒ်မှာကတည်းက ဂရေးကိုစိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။

“မှန်ပါတယ်။ ကျွန်တော်တို့ သူနဲ့စကားပြောဖြစ်ပါသေးတယ်။ ဒါပေမယ့် သူက တော့တင်ဟမ်ကိုသာပြောင်းခဲ့ပါတယ်။ အဲ့တာကအဆင်ပြေပါတယ်။ အခုတော့ သူနဲ့အတူ အလုပ်တွဲလုပ်ခွင့်ရလာပါပြီ။ သူက နံပတ် ၈ နေရာ ဒါမှမဟုတ် ၆ နေရာမှာပါကစားနိုင်ပါတယ်။ ဒီလိုနေ့တွေမှာ အခုလိုပြီးပြည့်စုံတဲ့ကွင်းလယ်လူတွေ ပိုလိုအပ်ပါတယ်။

ခင်ဗျားအနေနဲ့ နံပတ် ၆ ၊ ၈ နဲ့ ၁၀ နေရာကစားနိုင်တဲ့ကစားသမားမျိုးလိုအပ်ပါတယ်။ အဲ့လိုကစားနိုင်တဲ့ကစားသမား ၂ ယောက်ရှိနေပါတယ်။ သူတို့က ဒီကလန် နဲ့ ရိုဒရီတို့ပါ။
သူတို့ အရာအားလုံးလုပ်ဆောင်နိုင်နေပါပြီ။ အာချီလည်း သူတို့လိုဖြစ်လာနိုင်ပါတယ်။ ၂ နှစ်လောက်တည်းနဲ့တော့ သူ့အခြေအနေကို အကဲဖြတ်ဖို့စောနေပါသေးတယ်။

ကျွန်တော်တစ်ပွဲချင်း အကဲဖြတ်သွားမှာပါ။ အဲ့တာက ဘယ်လိုအလုပ်လုပ်လဲဆိုတာ ကျွန်တော်သိပါတယ်။ သူ့မှာ အလားအလာကောင်းတွေအများကြီးရှိနေပါတယ်”လို့  ဖရန့်ခ်က ပြောကြားခဲ့ပါတယ်။ ဂရေးဟာ ပြီးခဲ့တဲ့ဘိုဒိုနဲ့ပွဲမှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့သလို ကာရာဘောင်ပွဲဖြစ်တဲ့ ဒွန်ကက်စ်စတာနဲ့ပွဲမှာလည်း ခြေစွမ်းကောင်းပြသနိုင်ခဲ့ပါတယ်။ တော့တင်ဟမ်ကွင်းလယ်မှာက ပြဿနာရှိနေတာကြောင့် အာချီအနေနဲ့ ပွဲထွက်ပါဝင်ခွင့်ရလာဖွယ်ရှိနေပါတယ်။

“သူ(အာချီ)အနေနဲ့ အလုပ်ကြိုးစားဖို့လိုအပ်တယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ အောင်မြင်ချင်တယ်ဆိုရင် ခင်ဗျားအနေနဲ့ အခြေခံအချက်တွေကို အဆင်ပြေအောင်လုပ်ရပါမယ်။ ပွဲအပေါ် သူ့ရဲ့နားလည်မှုက အဆင်ပြေတယ်လို့ ကျွန်တော်ထင်ပါတယ်။ စည်းကမ်းပိုင်း နဲ့ လုပ်နည်းလုပ်ဟန်တွေကို နားလည်ဖို့လည်း လိုအပ်ပါတယ်။ ခင်ဗျားအနေနဲ့အောင်မြင်ချင်တယ်ဆိုရင် အဓိကနေရာတွေကိုသာ အာရုံစိုက်ရပါမယ်”လို့ ဖရန့်ခ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။