ကာတာသဲကန္တာရက အဖိနှိပ်ခံဘဝများ (သို့) အလုပ်ချိန် ၁၁ နာရီမှာ ၁၂ ဒေါ်လာသာရနေတဲ့ ကမ္ဘာ့ဖလား ကွင်းဆောက်လုပ်ရေး လုပ်သားများ
လာမယ့်တစ်နှစ် အကြာတွင် ကာတာနိုင်ငံဟာ ၂၀၂၂ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ဧည်ခံကျင်းပမှာ ဖြစ်ပြီး ကွင်းလုံးပြည်လျှံ အားပေးမယ့် ပရိသတ်များနှင့်အတူ ခမ်းနားထည်ဝါစွာ ရှိနေမယ့် ကွင်းကြီးကို အားရဂုဏ်ယူစွာဖြင့် မျက်စိတစ်ဆုံးမကြည့်လိုက်ရဘဲ တုန်လှုပ်ခြောက်ခြားစွာဖြင့် ပျောက်ကွယ်သွားမယ့်သူတွေလည်း ရှိနေပါတယ်။ သူတို့ကတော့ တခြားသူမဟုတ် ကမ္ဘာကျော်ဘောလုံးသမားတွေ အပြိုင်ခြေစွမ်းပြကြမယ့် ကွင်းသစ်ကြီးတွေကို ဆောက်လုပ်ကြတဲ့ ဆောက်လုပ်ရေးအလုပ်သမားများပင် ဖြစ်လေသည်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီး ကျင်းပမယ့် Lusail ကွင်းသစ်အတွက် ဒါဇင်ဝက်ခန့်ရှိသော ရွှေပြောင်းလုပ်သားများဟာ ပူပြင်းလှတဲ့ နေရောင်အောက်မှာ ကျောက်ခင်းကျင်းများကို ပင်ပန်းကြီးစွာ ရွှေ့နေကြသည်။ မှင်သက်မိစွာပင် ရွှေပြောင်းလုပ်သားတွေရဲ့ တစ်နေ့လုပ်အားခက ၁၂ဒေါ်လာမျှသာ…ရသမျှတင်းတိမ်စွာ နေခြင်းကလည်း ၎င်းတို့ရဲ့ နေ့စဉ်ဘဝပင် ဖြစ်နေလေသည်။ အလုပ်ချိန်အပြီး နောက်၂နာရီတွင် အလုပ်သမားတွေဟာ ဆွေးမြည့်ဟောင်းနွမ်းလျက်ရှိနေတဲ့ ဘက်စ်ကားလေးနဲ့၁နာရီလောက်ကြာ စီးရသော မြောက်ဘက်ခရီးသို့အိမ်ပြန်နားရမည် ဖြစ်လေသည်။
ကျောက်ပြားခင်းလမ်းတွေကို နေ့စဉ်နဲ့အမျှ ပြီးစီးအောင်လုပ်ရသည်ဟု ရွှေ့ပြောင်းလုပ်သားတစ်ဦးဖြစ်သူ ရှီခါက ကျောက်တုံးတွေနှင့် ဘိလပ်မြေအိတ်များစုပုံချထားသော နေရာကို လက်ညွှန်းညွန်ရင်း ပြောပါတယ်။ များသောအားဖြင့် အလုပ်ခိုင်းစေမှုမှာ တစ်ချို့တစ်ဝက်က ပိုက်ဆံမရကြ။ ယေဘုယျအားဖြင့် အလုပ်သမားအများစုက ထိုအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ခံရခြင်းကို စောဒကတက်ခြင်း မရှိပေ။လွန်ခဲ့တဲ့ ၅လခန့်ကပင် အတင်းအကြပ်စေခိုင်းခံရပြီး လာမယ့်သြဂုတ်လအထိ ကွင်းသစ်ကို ပြီးစီးအောင် ဆောက်လုပ်ကြမည် ဖြစ်သည်။
ပြင်းပြသောနေပူရှိန်ကို ခံသာစေရန် မျက်နှာကို အဝတ်စတွေနဲ့ဖုံးကာရင်း ၁၁နာရီဆက်တိုက် မနားမနေအလုပ်လုပ်ရကာ ထမင်းစားချိန်ဟာလည်း ဘက်စ်ကားအသေးရပ်နားလို့ရတဲ့ နေရာမှာသာ နားနေစားသောက်ခွင့် ရှိပါတယ်။ သူတို့မှာ ရပ်နားစကားပြောဆိုခွင့် မရှိ။ ဒါတွေဟာ ကမ္ဘာ့ဖလားကျင်းပမယ့် ကာတာနိုင်ငံရဲ့ အငြင်းပွားဖွယ်ရာ အကြည်းတန်မြင်ကွင်းကို ဖော်ညွှန်းနေသယောင်။ ၂၈ရက်ကြာကျင်းပမည့် ပြိုင်ပွဲတွင် ပင်လယ်ကွေ့နိုင်ငံတစ်ခုက ဘီလျံပေါင်းများစွာရမည့်အရေး အလုပ်သမားများအပေါ် ဆိုးရွားစွာဖိနှိပ်ဆက်ဆံနေသည့် အခြေအနေကို မည့်သည့်တစ်ဦးတစ်ယောက်ကမှ အရေးတယူ ဝင်ရောက်မတားဆီးကြချေ။
အမှန်တကယ်ဆိုရင် လူတစ်ယောက်ရဲ့အသားအရေကို ခရမ်းလွန်နေရောင်ခြည် ထိတွေ့တာဟာ လွန်စွာဆိုးရွားလွန်းလှပါတယ်။ အပူရှိန်ဖိစီးမှုဒဏ်ကြောင့် အလုပ်သမားများရဲ့ အသက်အန္တာရယ်ကို ထိခိုက်စေပြီး မရေမတွက်နိုင်သော သေဆုံးမှုတွေလည်း ရှိနေထားပြီ ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာလူသားများလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ report ထဲတွင် ပါရှိသည်။
အဆိုပါ report တွင် လူငယ်ပိုင်းပြောင်းရွှေ့လုပ်သား ၆ဦးခန့် သေဆုံးမှုပါဝင်နေပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက ရှင်းလင်းပြောကြားထားခြင်းမရှိတဲ့ အမူတွဲလည်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်က ဆောက်လုပ်ရေးလုပ်သားဖြစ်တဲ့ အသက်၃၄နှစ်အရွယ် ဆူမန်း အပူချိန် ၃၈ဒီဂရီဆဲလ်စီးယပ် (၁၀၀ဒီဂရီဖာရင်ဟိုက်) ရှိတဲ့ နေရောင်အောက်မှာ ဆက်တိုက်အလုပ်ဆင်းရပြီးနောက် မူးမေ့လဲကျကာ သေဆုံးသွားခဲ့ပါတယ်။
ထိုအတူ အသက်၃၄နှစ်အရွယ် ဘာဟာဒါ ဂါတီဟာ ၁၀နာရီဆက်တိုက် အပူချိန် ၃၉ဒီဂရီဆဲလ်စီးယပ်(၁၀၂ဒီဂရီဖာရင်ဟိုက်) အောက်မှာ အလုပ်လုပ်ပြီးနောက် အနားယူအိပ်စက်နေရင်း သေဆုံးခဲ့ပါတယ်။ အပူချိန် ၁၀၄ဒီဂီရီ ဖာရင်ဟိုက်ကျော်ရှိတဲ့ ကန္တာရထဲ ပိုက်ပြင်နေရင်းနဲ့ ၃၂နှစ်အရွယ် ဆူဂျန် မီယာဂျ်ဟာ အိပ်စက်အနားယူတဲ့ အိပ်ယာပေါ်မှာ သေဆုံးနေတာကို ကျန်တဲ့အလုပ်သမားတွေက တွေ့ခဲရပါတယ်။
Amnestyရဲ့ ဖော်ပြချက်အရ အပူချိန်လွန်ကဲရင်း သေဆုံးမှုတွေကို ပုံမှန်သဘာဝဖြစ်စဉ်ကြောင့် ဒါမှမဟုတ် နှလုံးရောဂါကြောင့် ဟု သေဆုံးစာရင်းတွင် မရေမရာ ထည့်သွင်းထားကာ အမူတွဲတွေကို လူမသိအောင် ဖုံးကွယ်ထားပါတယ်။ သေဆုံးအမည်တပ်ချိန်မှာ ခုလို သတ်မှတ်ချက်တွေက အဓိပ္ပါယ်မရှိဘဲ အလုပ်လုပ်နေရတဲ့ အခြေအနေတွေအပေါ်မှာလည်း ဘာဆက်သွယ်မှုမှ မရှိပဲ Amnestyက “ရလဒ်အနေနဲ့ မိသားစုတွေဟာ သူတို့ ချစ်မြတ်နိုးရသူတွေ ဘာကြောင့် သေဆုံးရတယ်ဆိုတာ သိရှိနိုင်ခွင့် မရှိပါဘူး။ အလားတူ ဒါကလည်း အလုပ်သမားတွေ ဒါမှမဟုတ် ကာတာ တာဝန်ရှိသူတွေထံကနေ လျော်ကြေးရခွင့်ကနေ တားဆီးနေတယ်”လို့ ဆိုပါတယ်။
WHO အဖွဲ့ဝင်လည်းဖြစ် ရောဂါဗေဒပညာရှင်လည်းဖြစ်တဲ့ ဒေါက်တာ ဒေးဗစ် ဘိုင်လီက Amnestyကို ပြောရာမှာ “အထူးသဖြင့် အားလုံးက အသက်ရှူလမ်းကြောင်းဆိုင်ရာ ဒါမှမဟုတ် နှလုံးရပ်တာကြောင့် နောက်ဆုံးမှာ အသက်ဆုံးကြတာ ဖြစ်ပြီး ဘာကြောင့် ဒီလို ဆုံးတာလဲကို မရှင်းပြနိုင်တာက အဓိပ္ပါယ်မရှိတဲ့ ဖြစ်ရပ်ပါဘဲ”လို့ ပြောပါတယ်။
Amnestyရဲ report ထဲမှာ မပါတဲ့တစ်ခုက ၂၀၁၇ခုနှစ် ဇန်နဝါရီမှာ ဗြိတိန် အလုပ်သမာ ဇက် ကော့ဇ်ဟာလည်း ခါလီဖာ ကွင်းထဲမှာ အလားသဏန်တူ သေဆုံးခဲ့ပါတယ်။ တာဝန်ရှိသူတွေက ၂၀၁၉ခုနှစ်မှာ ဗြိတိန် တရားသူကြီး ဆာရောဘတ် အကန်ဟက်ဒ်ရဲ့ ဦးဆောင်မှုနဲ့အတူ ကော့ဇ်ရဲ့ သေဆုံးမှုကို စုံစမ်းခဲ့ပေမဲ့ အဲ့ဒီနောက်ပိုင်း ဘာမှမကြားရတော့ပါဘူး။
Amestyရဲ့ တင်ပြမှုထဲမှာ အလုပ်ရှင်ထံက ခွင့်ပြုချက်မရပဲ ရွှေ့ပြောင်းလုပ်သားတွေအအနေနဲ့ နိုင်ငံက ထွက်တာ အလုပ်ပြောင်းတာကို မလုပ်ရဘူးလို့ တားမြစ်ထားတဲ့ ခါလာဖာစနစ်တစ်ခုရှိပြီး ဒါဟာ တင်းကြပ်လှပါတဲ့ ဆိုတဲ့ ကာတာရီ ဥပဒေကလည်း ခါလာဖာစနစ်နဲ့ဆိုရင် ပြဒါးတစ်လမ်းသံတစ်လမ်း ဖြစ်နေပါတယ်။ ကာတာရှိ ရှေးရိုးစွဲ အလုပ်ရှင်အများစုက အလုပ်သမားတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေ ပေးဖို့ငြင်းဆန်နေခြင်းကလည်း မတရားညှဉ်းပန်းနှိပ်စက်မှုဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ညွန်းနေပါတယ်။
အလုပ်သမားတွေဟာ အလုပ်မထွက်ခင် ဘာကန့်ကွက်မှုမှ မရှိပါဘူးဆိုတဲ့ စာရွက်ကို အလုပ်ရှင်တွေထံကို ပြသရပါတယ်။ မသမာတဲ့အလုပ်ရှင်တွေဟာ အဆိုပါ စာရွက်တွေကို အလုပ်သမားတွေကိုပေးပြီး အခကြေးငွေကိုလည်း ယူကြပါတယ်။ အလုပ်နောက်တစ်ခု ပြောင်းဖို့ကြိုးစားပါက အလုပ်ကနေ ထွက်ပြေးတိမ်းရှောင်သူဟု ယူဆခံရပြီး ဥပဒေအရ နိုင်ငံကနေ အပြီးတိုင်နှင်ထုတ်ခံရမည် ဖြစ်ပါတယ်။ အလုပ်ကြမ်းမှာတော့ အနည်းငယ်မျှသာ ပိုကောင်းတဲ့အလုပ်ကို ပြောင်းဖို့ စိုးစဉ်းမျှသာရှိသောလစာနဲ့ ထွက်ဖို့က မဖြစ်နိုင်သလောက်အခြေအနေပါ ဟု အလုပ်သမားတစ်ဦးက ဖွင့်ဟပါတယ်။
“ကျွန်တော်က မီးပြင်သမားတစ်ယောက် ဖြစ်ပြီး တခြားကျွမ်းကျင်မှုတွေလည်း ရှိပေမဲ့ ဒီပညာကို သူတို့က အသုံးမချစေချင်ပါဘူး”ဆိုပြီး ကွင်းရှေ့က ဧရာမ ကားပါကင်ကြီးမှာ လုပ်နေသူ တစ်ဦးက ပြောပြခဲ့ပါတယ်။ ၁၉၈၀ခုနှစ် ကာတာမှာ ရေနံထွက်ကြောင်း သိရှိလာခဲ့ပြီးနောက် အာရှမှ လုပ်သားအများအပြား ပြောင်းလာကြပြီး ရွေ့ပြောင်းလုပ်သမား မျိုးဆက်တစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ ယခုရှိနေတဲ့ ကာတာ လူဦးရေဟာ ရွှေ့ပြောင်းသူတွေ မပါပဲ အဆောက်အဦးတွေကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ကာတာမှာ နိုင်ငံခြားသား အရေအတွက်က ပိုများပြီး လူဦးရေ ၂.၇သန်းမှာ ၉၀%က နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။
“ကာတာသားတွေဟာ လူဦးရေအများစု မဟုတ်ပဲ အနည်းစုသာ ဖြစ်ပါတယ်။ ဒါကြောင့် အင်အားနည်းပြီး မကျေမချမ်းဖြစ်နေတဲ့ နေထိုင်သူတွေကြား တင်းမာမှုတွေ ဖြစ်လာမှာ အမှန်ပါပဲ”လို့ Qatar,Masters of the Pearl စာအုပ်ကို ရေးသားသူ မိုက်ကယ်မော်တန်က ကာတာရဲ့သမိုင်းကြောင်းကို ရှင်းပြပါတယ်။ လတ်တလောတွင် ကာတာနိုင်ငံရေးမှာ သိသာထင်ရှားသော အစိုးရခန့်အပ်မှုတွေ ရှိပြီး အလုပ်သမားဝန်ကြီး ဒေါက်တာ အလီမာရီနှင့် လူမူဖွံဖြိုတိုးတက်ရေးဝန်ကြီး အယ်မစ်နက်တို့နှစ်ယောက်စလုံးက တင်းမာရူပ်ထွေးနေတဲ့ အလုပ်သမားဥပဒေရေးရာတွေကို တိုးတက်လာအောင် ဆောင်ရွတ်လာပါတယ်။
ကာတာနိုင်ငံသားတွေကတော့ သီးသန့်အခန်းကဏ္ဍတွေမှာ အလုပ်လုပ်ခွင့်ရပါတယ် ကာတာနိုင်ငံသားတွေအတွက် အလုပ်အများစုက ပုံမှန်လည်ပတ်နေဆဲ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ မပါဝင်ရဘဲ သက်တောင့်သက်သာရှိတဲ့ အစိုးရအလုပ်တွေမှာ လုပ်ခွင့်ပေးထားပါတယ်။ ကာတာရဲ့ အလုပ်သမားရေးရာတွင် တိုးတက်မှုကတော့ နာကျင်ရာကောင်းလောက်အောင် နှေးကွေးနေခဲ့ပြီး အချို့ လုပ်သားတွေကို ဆက်ဆံပုံတွေက လူသားမဆန်စွာ စက်ဆုပ်ရွံရှာဖို့ကောင်းလှပါတယ်။ ဒီလိုဖြစ်ရပ်တွေရှိနေတဲ့ ကာတာနိုင်ငံအတွက် နိုင်ငံပုံရိပ်မြှင့်တင်ဖို့ မြောက်မြားလှတဲ့ ငွေကြေးတွေ ရယူကာ ambassador အဖြစ် ရယူတဲ့ ဒေးဗစ်ဘက်ခမ်းလို ကမ္ဘာကျော်ဘောလုံးသမားအတွက် ရှက်စရာကောင်းပါတယ်။
အိမ်ခြံမြေ၊ လက်လီရောင်းချမှု၊ လမ်းတံတားဖွံဖြိုးတိုးတက်ရေးတွေကို မရပ်မနားဆောင်ရွတ်နေတဲ့ ဒိုဟာမြို့ရဲ့ စခရင်ဘုတ်တွေမှာ “ကာတာက ဒီထက်ပိုထိုက်တန်ပါတယ်” ဆိုတဲ့ စာတန်းကို သင်အနေနဲ့မြင်ရမှာဖြစ်ပြီး အဆိုပါ ဆောင်ပုဒ်က ချမ်းသာတဲ့သူတွေအတွက်ပဲ ဖြစ်နိုင်ပါတယ်။ ဝန်ပင့်ထရပ်ကားမောင်းသူဖြစ်တဲ့ ရှစ်ကာရဲ့ ပြောပြချက်တွင် သူဟာ တခြားအလုပ်ဖော်၃ယောက်နှင့်် အတူ အခန်းကျဉ်းထဲမှာ မျှနေရပြီး အားလုံးဟာလည်း သူအလုပ်ချိန်နဲ့သူ အလှည့်ကျ လုပ်ကြရပါတယ်။ အသည်းနင့်စရာကောင်းလှတဲ့ ရှစ်ကာရဲ့ ဖွင့်ဟချက်တစ်ခုကတော့ သူဟာ ညနေ၅နာရီကနေ မနက်၄နာရီအထိ အလုပ်လုပ်ရပေမယ့် တစ်နေ့စာအတွက် ၁၄ဒေါ်လာသာ ရပါတယ်။
ရှစ်ခ်က “ဒီအလုပ်ကို ရောက်လာတာက ကျွန်တော် ထင်ထားသလိုတော့ မဟုတ်ပေမဲ့ ညအလုပ်က တခြားသူတွေထက်စာရင် တန်ဖိုးရှိလှတယ်လို့ထင်မိပါတယ်။ အပူချိန်လျော့သွားတဲ့ညအခါမှာ ကျွန်တော် အလုပ်လုပ်ရပြီး နေပူထဲ မထွက်ရဘူးလေ”လို့ ပြောပြခဲ့ပါတယ်။ (ဒိုဟာရှိ ရွှေပြောင်းအလုပ်သမားတွေရဲ့ အကြောင်းကို ဒေးလီးမေးလ်ရဲ့ ဖော်ပြချက်ကနေ ထုတ်နူတ်ရေးသားထားခြင်း ဖြစ်ပါသည်)